Episdoe 46

1.4K 40 6
                                    

Episdoe 46

Episode 46

မာန်ဝင့်ထည် အကင်များကို သေချာကင်နေရင်း Chair bed ပေါ်ကနေ အောက်က ရေကူးနေတဲ့ သူတွေအားလှမ်းစသော မိမိချစ်သူလေးအား ကြည့်မိကာ ပြုံးနေမိသည်

ရေဆင်းကူးပါဟုပြောတော့လဲ ရေတစ်ခါမှမကူးတတ်တဲ့အပြင် မိမိကိုယ်တိုင်မပါတော့ အားငယ်သည်ထင်ပါသည်

Chair Bed ပေါ်လေးတွင်ထိုင်ကာ ပူပေါင်း ထဲတွင် ရေထည့်မှုတ်ကာ အောက်ကလူတွေအားပေါက်ကာပျော်နေလေသည်

ထိုအချိန်

*တီတီ*

ရုတ်တရက် မက်ဆေ့ဝင်သံကြောင့် မာန်ဝင့်ထည် အကင်အိုးဘေးနားက ဖုန်းလေးဆီသို့ အကြည့်ရောက်သွားမိလေသည်

မက်ဆေ့ဝင်လာသော ဖုန်းမှာ မိမိဖုန်းမဟုတ် မိမိရဲ့ ချစ်သူလေး စျာန်လင်းခေတ် ရဲ့ဖုန်းပင်

ပုံမှန်ဆို ထားခဲ့ဖူးသမျှ ရည်းစားတွေရဲ့ Privacy အား မာန်ဝင့်ထည် တစ်ခါမှ Check မလုပ်ဖူးပေမဲ့ ထိုလူသားလေးကိုတော့ အတူနေပြီး လက်ထပ်ဖို့ထိ စဥ်းစားထားသည်မဟုတ်ပါလား

လင်းလာသော ဖုန်း Scrren လေးတွင် မာန်ဝင့်ထည် မြင်လိုက်ရသည့်အရာကြောင့် ဒေါသထောင်းခနဲ ထွက်သွားမိသည်

Fron So Pyay,

* စျာန် ဒီနေ့ညအားမလား ငါတို့တွေ့ရအောင် မင်းကိုပြောစရာစကားတွေအများကြီးရှိတယ်
ငါ့ရဲ့ အမှတ်တရလေး မင်းကိုပြန်ပေးချင်လို့*

"တောက်! ဒီမအေ# ကတော့"

မာန်ဝင့်ထည် မိမိချစ်သူလေးဆီကြည့်မိတော့ ထိုလူသားလေးမှာ မိမိအား သတိမပြုမိ သူ့ဟာနှင့်သူ ကစားနေတာကြောင့် မာန်ဝင့်ထည် ထိုလူသားလေးရဲ့ ဖုန်းအားဖွင့်ကြည့်လိုက်ကာ စိုပြေမင်းခန့် နှင့်အရင် ပြောထားသမျှကို ဖတ်မိသွားလေသည်

မိမိနဲ့ တွဲပြီးနောက်ပိုင်းထိ စိုပြေမင်းခန့် ဆိုတဲ့ကောင်နဲ့ စာပို့ထားတာမရှိပေမယ့်အရင်ပို့ထားတဲ့ စာတွေထဲမှ

*GoodNight ကောင်းကောင်းအိပ်*

ဆိုတဲ့ စာလုံးအား မိမိလူသားလေးက ပို့ထားတာကိုမြင်တော့ မာန်ဝင့်ထည် ရဲ့ ဒေါသများက တဖြည်းဖြည်းအရှိန်တက်လာလေပြီ

ZARN [SEASON 1] (Completed)Where stories live. Discover now