Episode 58

1.7K 41 0
                                    

"မောင်.."

အနောက်မှထွက်ပေါ်လာသော လေသံတိုးတိုးလေးကြောင့် မာန်ဝင့်ထည် လက်ဆေးနေရာမှ လှည့်ကြည့်လိုက်တော့

"Ah...သိမ့်.! ဘယ်လိုဝင်လာတာလဲ ယောကျ်ားလေး Toilet လေ.."

"အဆင်ပြေနေရဲ့လားဟင် လွမ်းနေခဲ့တာ ..
စာကော လိုက်နိုင်ရဲ့လား..?"

သိမ့်ထက်နွေဆိုသော မိန်းကလေးအား အကြောင်းမဲ့ ဖြတ်ခဲ့သော မိမိမှာ အပြစ်မကင်းသော်လဲ လောလောဆယ် မိမိဘဝမှာ စျာန်လင်းခေတ် ရှိနေပြီမလား

ခုမှ အရင်ကအကြောင်းတွေ စမြုပ်ပြန်နေရင် လဲ နှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းတော့ပေ

"အဆင်ပြေပါတယ် သိမ့်ကော..အစစအရာရာအဆင်ပြေတယ်မလား"

မာန်ဝင့်ထည် က ဘာမှမခံစားရသော်လဲ သိမ့်ထက်နွေမှာတော့ မျက်ရည်များဝဲတက်လာပြီဖြစ်သည်

မိမိမှာ ထိုယောကျာ်း အပေါ် အကုန်လုံးပေးဆပ်ခဲ့သော်လဲ အကြောင်းမဲ့ လမ်းခွဲခြင်းကိုခံလိုက်ရတဲ့အပြင် ထိုယောကျာ်း ရဲ့ Social ပေါ်မှာ သူ့ကောင်လေးနဲ့ပျော်နေတာတွေကို ကြည့်ပြီး ကွယ်ရာမှာအမြဲ ငိုနေခဲ့ရသူပါ

သိမ့်ထက်နွေ မာန်ဝင့်ထည် ရဲ့ ရင်ခွင်ကျယ်ကြီးကို ပြန်လွမ်းမိတာအမှန်ပင်

အရင်က မိမိ နမ်းခဲ့ဖူးသော နှခမ်းလေး
မိမိ နမ်းခဲ့ဖူးသော ပါးလေးက အခုတခြားသူလက်ထဲမှာမဟုတ်လား

တဖြည်းဖြည်းနှင့် ပြိုလဲလာသည့်အဆုံး အိန္ဒြေမဆည်နိုင်တော့သည့်အဆုံး ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်လိုက်ကာ မာန်ဝင့်ထည် ရင်ခွင်ထဲသို့ပြေးဝင်လိုက်လေသည်

"အမ်...သိမ့် ကိုယ့်..."

"ခဏလေးပါပဲ ခဏလေးပဲ ဒီလောက်တော့ရတယ်မလားဟင်.."

မာန်ဝင့်ထည် အတင်းကျပ်ဖက်ထားခံရသော်လဲ ရုန်းလို့မရသည့်အပြင် တစ်ဖက်က မိန်းကလေးမှာ မိမိရင်ခွင်ထဲသို့ဝင်၍ ရှူံ့ကြီးချငိုနေတာကြောင့်...

"အရမ်းလွမ်းတယ် ဟင့်...မောင်ရယ် သိမ့်မှာ ဘာအပြစ်များရှိလို့ အဲ့လိုကြီး ထားခဲ့ခံရတာလဲဟင်.."

ZARN [SEASON 1] (Completed)Where stories live. Discover now