Episdoe 26

2.5K 68 2
                                    

Episode 26

"စျာန် မနေ့က Blackpink အဖွဲ့သီချင်းအသစ်ထွက်တာနားထောင်ပြီးပြီလား"

အောင်စိုးပိုင် က ရှေ့ကဆရာမ မကြားအောင် တိုးတိုးလေးလာပြောလေသည်

"ဟင့်အင်း နားမထောင်ရသေးဘူး"

"ဟုတ်လား"

စျာန်လင်းခေတ် ခေါင်းညိမ့်ပြလိုက်သောကြောင့်

"ဒါဆို ခနနေ ငါကူးပေးမယ် "

" အေးကူးပေးဦး Awwပြီးရင် ဟို တနေ့က လေ သရဲကား တစ်ခါတည်းကူးပေးဦး မုန့်စားကျောင်းဆင်းရင်"

အောင်စိုးပိုင် လဲ OK လို့သာပြပြီး ရှေ့ကဆရာမ ရေးပေးသည့်စာများကိုလိုက်မှတ်နေသည်

*******

"ငါ မုန့်စျေးတန်းမလိုက်တော့ဘူး မင်းတို့ငါ့အတွက် အအေးပဲဝယ်ခဲ့ပေးပါလား"

စျာန်လင်းခေတ် မုန့်စျေးတန်းမသွားတော့ပဲ မင်းချစ်သူကိုသာမှာလိုက်လေသည်
ဒီနေ့ကထူးဆန်းသည် မာန်ဝင့်ထည် ရော စိုပြေမင်းခန့်ကော ကျောင်းမလာပါ
တကယ်လို့ နှစ်ယောက် သာလာရင် မနေ့က ကိစ္စတွေနှင့် ဒီအချိန်စကားထွက်ပြောရမှာနှင့် အချိန်တွေကပုပ်ဦးမည်

မနက်က သီရိနွယ်ပြောတဲ့စကားကြောင့် စျာန်လင်းခေတ် လဲ သီရိနွယ်ကို စိတ်ပျက်မိတာတော့အမှန်ပင် မိမိအားမချစ်တဲ့သူကို ဒီလို အောက်ကျခံနေတာကိုက မိန်းကလေးသိက္ခာ ကျလွန်းသည်မဟုတ်ပါလား
မိမိကိုယ်တိုင်ပဲ မချစ်ဖူးလို့ ဒါတွေကိုပဲ နားမလည်တာလား ဝေခွဲမရတော့ပါ

မာန်ဝင့်ထည် အပေါ် စျာန်လင်းခေတ် ခံစားချက်တွေရှိနေတာ မိမိကိုတိုင် သိပေမဲ့
ဒီလူကိုသာ ချစ်မိရင် နောက်ပိုင်းရှေ့ဆက် ရမှာတွေက နာကျင်မှုတွေကများသည်
နွယ့်ကိုလဲ ပိုသနားမိသည်
ဘာမှမဟုတ်ပဲ မိမိတို့နှစ်ယောက် ကြားထဲ သူက မြေစာပင်ဖြစ်သွားတာမဟုတ်လား

*တွေ့ဆုံမှုတွေက ပဲ မှားယွင်းမှု ဆိုရင် ဘယ်အချိန်တွေထိ မှားနေရမှာလဲ ကံကြမ္မာ ကြီးရယ်*

********

ညနေကျောင်းဆင်းတော့ မင်းချစ်သူနှင့်အောင်စိုးပိုင်ကိုခေါ်ကာ စိုပြေမင်းခန့် အိမ်သို့ သတင်းမေးရန်လာခဲ့ကြသည်
အဓိကက စိုပြေမင်းခန့် ဒီနေ့ကျောင်းမလာနိုင်တာက မိမိကအဓိက တရားခံပင်မဟုတ်ပါလား

ZARN [SEASON 1] (Completed)Where stories live. Discover now