Episode 11

2.5K 88 6
                                    

Episode 11

"ငါဘက်က ပြောနိုင်တာဒါအကုန်ပဲ ငါ့ဘက်က မင်း ကို သူငယ်ချင်း တစ်ယောက်လို မြင်ပေမယ့် မင်းဘက်မှာလဲ ငါ့ကို အဲ့လိုမြင်စေချင်တယ်"

Aeon Mall အတွင်းရှိ Green Forest ဆိုသော Coffee ဆိုင်တွင် စျာန်လင်းခေတ် နဲ့ စိုပြေမင်းခန့် တို့စကားပြောနေကြခြင်းဖြစ်သည်

မိမိမှာအပြင်သိပ်မထွက်ချင်သော်လဲ ဟိုနေ့က မိမိမူးလဲတုန်းက စိုပြေမင်းခန့် ကကူညီထားတယ်မလား

"အင်းပါ စျာန်ရာ အဓိကက ငါ့မှာအရင်လို မင်းနားနေခွင့်ရှိရင်ကို ကျေနပ်ပါတယ် "

"ငါကကျေနပ်ပေမဲ့ မင်းချစ်သူ ကတော့ မင်းကို မကျေနပ်သေးဘူးနော် အဲ့ကိစ္စကို မင်းငါ့ကိုတောင်းပန်သလို သူတို့နှစ်ယောက်ကိုလဲ တောင်းပန်သင့်တယ်"

စိုပြေမင်းခန့် မျက်နှာတွင် ညိုးရာက နေ အပြုံးပန်းများပွင့်လာသည် မိမိချစ်ရသူက မိမိအားအခွင့်ရေးပေးလာသည်မဟုတ်ပါလား

"ငါ မနက်ဖြန် မင်းအတန်းရှေ့လာပြီး မင်းချစ်သူ နဲ့အောင်စိုးပိုင် ကျေနပ်အောင်တောင်းပန်ပေးမယ်ဟုတ်ပြီလား"

စျာန်လင်းခေတ် စိုပြေမင်းခန့် စကားကို နားထောင်ရင်း မိမိရှေ့က Milo Chocolate ဖျော်ထားသော အအေးဗူးလေးကိုသောက်လိုက်သည်

"ပြီးတော့ မင်းငါ့ကိုကတိအတိုင်းမုန့်ဝယ်ကျွေးပြီးပြီဆိုတော့ ငါမင်းကိုလက်ဆောင်ပေးမယ်လိုက်ခဲ့"

စိုပြေမင်းခန့် စကားကိုဆုံးတာနဲ့ စျာန်လင်းခေတ် လက်ကိုဆွဲကာ keychain တွေရှိရာဘက်ကို သွားလေသည်

"ဟျောင့် စိုပြေ "

စျာန်လင်းခေတ်လဲ ရုန်းချိန်တောင်မရပဲလက်တစ်ဖက်က Milo ဗူးလေးနှင့်အတူ စိုပြေမင်းခန့် လက်ဆွဲရာနောက်ကိုပါသွားလေတော့သည်

"ရော့ကြိုက်တာရွေး"

Keychain အတန်းမှာ အရမ်းကိုများလွန်းလှသည်
မိမိဟာမိမိဆို ဝယ်ချင်ပေမဲ့ ပိုက်ဆံနှမြောတာကြောင့် အခုအလကားပေးတော့ ရအောင် ဂုံးတော့ဆင်းရမည်

စျာန်လင်းခေတ် လဲ ဘာမှမပြောပဲ Keychain တွေကို လိုက်ကြည့် ကြည့်မိသည်

ZARN [SEASON 1] (Completed)Where stories live. Discover now