Episode 31 🔞🔞🔞🔞

4.9K 88 5
                                    

Episode 31

"အာ့ နာတယ် စျာန်လင်းခေတ် ရ မင်းအသားမဟုတ်တာ ကျနေတာပဲ"

"နာရင် ဆေးဘယ်လိုထည့်ရမှာလဲ နှဖူးက ပေါက်နေတာလေ ခဗျားက"

စျာန်လင်းခေတ် ဆေးလဲအထွေထူးတော့မရှိပေမဲ့

ရှိတဲ့ဆေးလေး နဲ့တင် ကျေးဇူးရှင်ကို ထည့်ပေးနေရသည်

သန်းခေါင်ယံကြီးမှ လာပြီး လူကို သက်သက် ဒုက္ခပေးနေခြင်းပါ

"ခဗျား ဘာဖြစ်လာတာလဲ ပြောပြလို့ရမလား မာန်ဝင့်ထည် မျက်နှာ တွေကလဲ ဖူးယောင်နေတာပဲ"

မာန်ဝင့်ထည် မလိမ်ချင်ပဲလိမ်ရတော့မည်

မဟုတ်ရင် ကိုယ်နဲ့ပတ်သတ်တဲ့ အရှူပ်တွေက ဒီကောင်လေးအပေါ် အကုန်ကျရောက်တော့မှာမလား

"မင်းဆီသတိ ရလို့လာ ရင်း ဆိုင်ကယ်မှောက်လာတာ"

မိမိမျက်နှာအား စိုက်ကြည့် ကာ ပြောလာသော မာန်ဝင့်ထည် ကြောင့် စျာန်လင်းခေတ် လဲအနေခက်လာသည်

အခုလိုအချိန်မှာ မှောင်နေတဲ့ မူကြိုခန်းလေးမှာ ဖယောင်းတိုင်မီးလေးနှင့် အတူ နှစ်ယောက်အတူ နီးကပ်နေခြင်းက တဒုတ်ဒုတ် မြည်နေသော ရင်ခုန်သံတွေ က တဖက်လူကိုကြားရနိုင်လောက်စေသော...

မာန်ဝင့်ထည် လက်က စျာန်လင်းခေတ် ပါးပြင်ပေါ်သို့ရောက်လာကာ

"မင်းကလေ အမှောင်ထဲတောင် တကယ်လှတာပဲ စျာန်လင်းခေတ် ရာ ဒါကြောင့်လဲ ယောကျားလေးတွေ ဝိုင်းနေတာပဲ နေမှာ"

စျာန်လင်းခေတ် မိမိပါးပြင်ပေါ်က မာန်ဝင့်ထည် လက်များအား ဖယ်ချလိုက်ကာ

"အရူးစကားတွေလာပြော နေပြန်ပြီ ခနလောက်နားပြီးရင် ပြန်တော့ မေမေက အစောကြီးနိုးတယ်"

"ပြန်မှာပါ ဒါပေမဲ့ မင်းပါ အတူရှိနေပေးလေ စျာန်လင်းခေတ်"

စျာန်လင်းခေတ် အောက်ဖက်နှခမ်းအား အပေါ်သွားဖြင့်ဖိကိုက်လိုက်ကာ အခုအခြေနေကို ရုန်းထွက်ချင်ပေမဲ့ လဲ သဘောကျနေမိသည်

ဂျာကင်အနက်ရောင်ကို အထဲက တီရှပ်အဖြူရောင်လေးကို ခံဝတ်ထားကာ ဂျင်းဘောင်းဘီအရှည် ဖြင့် မာန်ဝင့်ထည် သည် မိမိရှေ့တွင် ခံ့ညားလွန်းသော ယောကျားတစ်ယောက်ဖြစ်နေသည်မှာ

ZARN [SEASON 1] (Completed)Where stories live. Discover now