Episode 42 🔞

3.2K 49 2
                                    

"ကိုယ့်ကားနဲ့ ပြန်ပါမယ်ဆို စက်ဘီးထားခဲ့လိုက်လေကွာ"

"ဒီနေ့တော့ မတွေ့တော့ဘူးလေနော် မေမေလဲ နေသိပ်မကောင်းတော့ တော်ကြာ အိမ်ပြန်နောက်ကျနေရင် စိတ်ပူနေလိမ့်မယ်"

မာန်ဝင့်ထည် စျာန်လင်းခေတ် ကျူရှင်ဆင်းချိန် နဲ့ကိုက်ပြီး အရောက်လာကာ ကားနှင့် ဒိတ်ရန် ခေါ်နေသော်လဲ ကိုယ်တော်ချောလေးက မလိုက်ပေ

"ငယ်က ကွာ ကိုယ့်ကို ၁နာရီလောက်တော့အချိန်ပေးလေနော် ငယ်"

ပြောနေရင်း မိမိပါးလေးအား လာညှစ်သော လူကြီးကြောင့် စျာန်လင်းခေတ် မှာ ပိုပိုပြီး အရေပျော်လာရလေသည်

"ဟို ...ဟိုဟာတော့မလုပ်ဘူးနော်"

အသံလေးနိမ့်ကာ မဝံ့မရဲ ပြောလာသော ချစ်ရသူလေးကြောင့် မာန်ဝင့်ထည် သွားများပေါ်အောင် ရယ်လိုက်ကာ

"ဟက် အဲ့တာလုပ်မယ်ဆို ၁နာရီနဲ့ ဘယ်လောက်မလဲ သည်းငယ်ရ"

"အဲ့တာကြောင့်လေ နော်...လိမ်မာတယ်နော် ဟီး"

မျက်နှာလေးဖြီးကာ ပြောလာသူလေးရဲ့ ဆံသားလေးများအား မာန်ဝင့်ထည် ဖွလိုက်ကာ

"ကဲပါ တက် ကိုယ်တို့ မြို့ထဲသွားမယ်"

"ဟင် ဘယ်ကို"

"ဟုတ်တယ်လေ လှည်းတန်းလောက်မှာ မုန့်စားပြီး ပြန်မယ်လေ ငယ်ရ"

စျာန်လင်းခေတ် မှာ အိမ်နဲ့ကျောင်းကလွဲပြီး အဝေးဘယ်မှ မသွားဖူးတာကြောင့် လှည်းတန်းဆိုတဲ့ နေရာကြီးမှာလဲ ကြားဖူးနာဝသာရှိလေသည်

"အ အဝေးကြီးပဲလား"

"ဟော ကိုယ်ပါတာကို ကြောက်နေတာလား ဟိုမှာ ဖေဖေ့ဖွင့်ထားတဲ့ BBQ ဆိုင်ရှိတယ် အဲ့တာကြောင့်"

"မသွားချင်ပါဘူး အဝေးကြီးဆို"

"မဝေးပါဘူး ငယ်ရာ "

၁နာရီနှင့် မလောက်သော ခရီးဆိုပေမဲ့လဲ စျာန်လင်းခေတ် ရဲ့ လက်ကိုတွဲပြီး ပုံမှန်အတွဲတွေလို လျှောက်သွားချင်တာ တော့အမှန်ပင်

ဒီမြို့မှာက ဂျောင်ကျပြီး လည်စရာသိပ်မရှိတော့ မာန်ဝင့်ထည် တစ်ယောက် အခက်တွေ့ရလေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now