Episdoe 25 part 2

2.1K 70 3
                                    

Episode 25 part 2

"စိုပြေ ဒီနေ့ကျောင်းမလာဘူးတဲ့"

စျာန်လင်းခေတ် တစ်ယောက် စိုပြေမင်းခန့် အဆင်ပြေလား လာမေးတော့ သူ့သူငယ်ချင်း ထူးမြတ်နိုင်က ပြောလိုက်ခြင်းဖြစ်သည်

"ဟို သူ့ဖုန်းက လေ နောက်တစ်လုံးရှိသေးလား ငါခေါ်တာ မရလို့"

စိုပြေမင်းခန့် လက်ကိုင်ဖုန်းက ခေါ်မရတာကြောင့်
ထူးမြတ်နိုင်အား နောက်တစ်လုံးရှိသေးလားမေးလိုက်ခြင်းဖြစ်သည်

"မရှိဘူးကွ ငါတို့လဲ စိတ်ပူနေတာ လိုင်းလဲမတက်တော့ "

"ဒါဆို သူ့အိမ်လိပ်စာ ငါ့ကိုပေးလို့ရလားဟင်"

စျာန်လင်းခေတ် ထူးမြတ်နိုင်ဆီမှ စိုပြေမင်းခန့် အိမ်လိပ်စာ အားတောင်းလိုက်ကာ
ကျောင်းဆင်းမှလိုက်သွားရန် ဆုံးဖြတ်လိုက်သည်

"အေးပါ ငါ ရေးပေးလိုက်မယ်"

စျာန်လင်းခေတ် နဲ့ထူးမြတ်နိုင်တို့စကားပြောတုန်း ဘေးနားကိ မိမိအားခေါ်သံကိုကြားလိုက်လေသည်

"စျာန်"

မိမိနာမည်အားခေါ်လိုက်သူမှာ တခြားသူမဟုတ် သီရိနွယ်ပင်

စျာန်လင်းခေတ် လဲ မျက်နှာတည်လိုက်ပြီး

"အင်း ပြောလေ"

"ငါနဲ့ ခဏလောက် စကားပြောရအောင်"

သီရိနွယ်ရဲ့ မျက်နှာမှာလဲ အရယ်ပြုံးမရှိ

မိမိယခင်က ရူးမူးခဲ့သည့်မိန်းမက ယောကျားတစ်ယောက်အတွက်နှင့် မိမိတောင် မထင်မှတ်သည့် စကားတွေကို မနေ့က ပြောထွက်ခဲ့တာမဟုတ်ပါလား

စျာန်လင်းခေတ် လဲ ခေါင်းသာညိမ့်ပြလိုက်ပြီး
သီရိနွယ်နောက်သို့ လိုက်ခဲ့လေတော့သည်

******

"မနေ့က ကိစ္စအတွက် ငါတောင်းပန်ပါတယ်စျာန်
ငါမနေ့က စိတ်လွတ်သွားပြီး နင့်အပေါ်ရိုင်းသွားမိတယ်"

ခေါင်းငုံ့ကာ ပြောလာသော သီရိနွယ်ကြောင့် စျာန်လင်းခေတ် လဲ သက်ပြင်းရှည်ကြီးချမိလိုက်သည်

"နင်မနေ့က ဘယ်လိုခံစားရမလဲ ငါနားလည်ပါတယ် စျာန် ငါအမှန်တိုင်းပြောရရင် ငါ ကို့ကို တကယ်ချစ်မိသွားလို့ပါ"

ZARN [SEASON 1] (Completed)Where stories live. Discover now