Episode 2

3.7K 113 1
                                    

Episode 2

အတန်းထဲတွင် မိမိတို့ဝင်ဝင်ချင်း ကျောင်းသားတွေမှာ အရင်လိုကွက်ကြားမဟုတ်ပဲ အတန်းထဲအပြည့်ဖြစ်သွားတာကြောင့် စျာန်လင်းခေတ် တို့၃ယောက်လန့်လဲလန့်ကြောင်လဲကြောင်သွားသည်

သုံးယောက်သားမှာ အပြေးလွှားလာရင်းအတန်းအပြင်ရောက်မှ လူတွေကိုမြင်လိုက်ရတာကြောင့် ကြောင်ရင်းအတန်းတွေများမှားလာတာလား လို့ စျာန်လင်းခေတ်မှာ အတန်းအပြင်မှာ အခန်း နံပတ်ကိုကြည့်လိုက်တော့

"Grade 11 E မှန်ပါတယ်ဟ"

"ပြောစမ်းပါဦး ဘာအကြောင်းကြောင့်နောက်ကျ ကျတာလဲလို့"

အနောက်ကထွက်လာသည့် ဆရာမဒေါ်ချိုချိုဝင်းအသံကြောင့် ၃ယောက်သား ဆရာ့မဘက်ကိုပြိုင်တူကြည့်လိုက်မိကြသည်

မင်းချစ်သူကတော့ စိတ်ထဲကနေ စျာန်ကိုကျိန်ဆဲမိသည် အကြောင်းမှာက စျာန်က ဒီနေ့ အချိန်စာရင်းအတွက် စာအုပ်ကို ကျောင်းထိပ်ရောက်မှာ သတိရတာကြောင့် ပြန်သွားယူသောကြောင့် သူတို့၂ယောက်ပါလိုက်သွားရင်းနောက်ကျရခြင်းဖြစ်သည်

"မနောက်ကျပါဘူးဆရာမရဲ့ ကွက်တိ ပဲယခုမှ ၆နာရီ ၆မိနစ်ပဲရှိသေးတာလေဗျ ဟီး"

စျာန်က တချက်လေးပြုံးက ခေါင်းလေးကုတ်ပီးပြောလိုက်တော့

"စျာန်လင်းခေတ်တို့၃ယောက်နဲ့ကတော့ နောက်အပတ် အချိန်ပြောင်းမှ အတော်ဖြစ်မှာ ပဲဟေ့ မဟုတ်ရင် နိုင်ငံတော်သီချင်းကို လမ်းမှာရပ်နေရင်းတန်းလန်းပဲဆိုနေရလိမ့်မယ်"

(ဒါကိုတော့ကျောင်းသားတွေအများစုသိကြမှာပါနော် ပြီးတော့ဒါကလေ 2016 ပိုင်းကာလကိုရေးထားတော့ အခုဖြစ်နေတဲ့ ကိစ္စတွေကိုတချက်ဖယ်ထားရင်းနဲ့ ဖတ်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်)

ထိုအခါမင်းချစ်သူက သူကြားထားတာမှန်တာကြောင့်

"ဒါဆို အချိန်က ၇နာရီ ကနေ ၁၂နာရီထိပြောင်းမယ် ဆိုတာက တကယ်ပေါ့နော် ဟုတ်လားဆရာမ"

"နေပါဦး နင်ကဘယ်ကကြားလာတာတုန်း"

"B ခန်းက သုတအောင်ဆီကပါ ဆရာမ"

ZARN [SEASON 1] (Completed)Where stories live. Discover now