Episode 3

3.3K 103 2
                                    

Episode 3

မာန်ဝင့်ထည့်တစ်ယောက် ဒီနေ့ကျောင်းသို့သွားသော်လဲ ကျောင်းမတက်ခဲ့ရ ကျောင်းအုပ်ဆရာမကြီးက စာရွက်စာတမ်း တွေအကုန်အပြီးစီးလုပ်ပေးပီး မနက်ဖြန်မှ စတက်ရန်ပြောလိုက်သည်

ဘေးကနှစ်ကောင်ကိုကြည့်တော့ တစ်ကောင်က ဂိမ်းဆော့ တစ်ကောင်က စော်နဲ့ဖုန်းပြောနေခြင်းဖြစ်သည်
အချိန်ကိုကြည့်လိုက်တော့ ၇နာရီ ခွဲရှိလေပြီ
စီးကရက်သောက်မည်ကြံလိုက်စဥ် စီးကရက်ဘူးက ညနေ ကပင်ကုန်သွားလေပြီ

"ဟာ shit  ရဲသွေးအားမာန် သားကြီးတို့တစ်လိပ်လောက်ရှိလား"

ရဲသွေးက ဂိမ်းကစားနေရင်းနဲ့ပြောလေသည်

"ကုန်ပြီကွ ငါက မနက်မှ ကျောင်းပြန်မှ ဝယ်မလားလို့ ခုက မှောင်နေပြီ မနက်က ငါတို့ ဖားသားကြီးတွေကလေပေါလို့မပြီးနိုင်တာနဲ့ထွက်မဝယ်ခဲ့ရဘူးလေကွာ"

မာန်ဝင့်ထည်တစ်ယောက် ကျစ်တချက် စုတ်လိုက်ကာ

"ကျစ် ဒါဆိုရင်တော့သွားဝယ်ရမယ်ဟေ့ စော်မရှိရင်နေနိုင်တယ် ဆေးလိပ်ကတော့မရှိလို့မဖြစ်ဘူး"

ထိုအခါရဲသွေးမှာမာန်ဝင့်ထည်ကိုပင်မကြည့်ဖုန်းကိုသာကြည့်၍

"အေးကွာ သားကြီး မင်းအပိုလေးတစ်ခါတည်းဝယ်ခဲ့ကွာ နည်းနည်းတော့မှောင်နေတော့ဂရုစိုက်ဦး"

"အေးအေ"

မာန်ဝင့်ထည် ရဲသွေးကိုပြန်ဖြေပြီး
ခြံထဲသို့ထွက်လာခဲ့လိုက်တော့သည်
မနက်ကဦးဝင့်ထည်တစ်ယောက် သူ့သားဒီနားဟိုနားသွားရလွယ်အောင်ဆိုင်ကယ်တစ်စီးဝယ်ပေးထားသည် မာန်ဝင့်ထည်လဲ ကိုယ့်ဟာကိုယ် ခြံတစ်ကားဖွင့်ကာ ဆိုင်ကယ်မောင်း၍ထွက်ခဲ့လေတော့သည်

မာန်ဝင့်ထည်တို့ရပ်ကွက်မှာ အလွန် ချမ်းသာသည့်သူများနှင့်လူကြီးအများစုသာနေကြတာကြောင့် လမ်းအတွင်းစျေးဆိုင်ပင်မရှိ လမ်းဘေးခွေးတောင်မရှိ ဒါနဲ့ မာန်ဝင်ထည့်လဲ လမ်းမဘက်ထွက်ကာ အနီးနားရှိ Orange Aeon Mall ကိုပဲပြေးရတော့သည်

*******

" ငါမင်းနဲ့ အာလာပသလ္လာပ ပြောဖို့အချိန်မရှိဘူး စိုပြေ ဒီတစ်ခါငါတို့စကားပြောတာ နောက်ဆုံးပဲ အခုရှစ်နာရီထိုးတော့မယ် ငါ့အိမ်ကစိတ်ပူနေလိမ့်မယ်"

ZARN [SEASON 1] (Completed)Där berättelser lever. Upptäck nu