Episode 20

2.1K 79 6
                                    

Episode 20

ကျောင်းဆင်းတာနဲ့ ကျောင်းသားအများစုသည်
ကျောင်းဘေးနားက ဘောလုံးကွင်းကြီးကို ကူးသွားကြတော့သည်

ဒီနေ့ A တန်း နှင့် E တန်းကန်သောပွဲအား
ထိုအတန်းက သူများအပြင် တစ်ခြားအတန်းက လူတွေပါ စိတ်ဝင်စားကြတာမို့ အားပေးတဲ့ သူများမှာ အလွန်များနေတော့လေသည်

ဘယ်လောက်ထိလဲဆိုရင် ကျောင်းစောင့် ဦးလေးကြီးကပါ လာစောင့်ပေးရခြင်းဖြစ်သည်
ဘောလုံး သမား ၁၅ ယောက်စီကလဲ အဆင့်သင့်ဖြစ်နေကြပြီဖြစ်သည် ကွင်းပြင်အကျယ်ကြီးဆိုပေမဲ့ ထိုင်စရာမရှိ အုတ်ခုံတွေသာရှိသည့်အပြင် နေကလဲ ပူတာကြောင့် မတ်တပ်ရပ်ကာ အားပေးနေကြသည်

"ဟိုမှာကြည့်ပါဦး ကိုမာန်ဝင့်ထည်ကို ငါတော့ရူးတော့မယ်ထင်တယ်"

"ကြည့်ကောင်းလိုက်တာ သူ့တို့၃ယောက်လုံးက တကယ့်ကို King တွေပဲ"

မိန်းကလေးအုပ်စုထဲက စကားသံတွေ မှာ
ဘောလုံးပွဲစိတ်ဝင်စားတာထက် မာန်ဝင့်ထည် တို့၃ယောက်အားလာကြူးကြတာကများသည်

Football Shirt ကိုမှ ဘောင်းဘီအတိုကို ခြေအိတ်ရှည် နှင့် မာန်ဝင့်ထည် မှာ ကောင်မလေးများအမြင်တွင်တော့ အလွန်ကြည့်ကောင်းသော ‌ေယာကျားတစ်ယောက်ဖြစ်နေမှာအမှန်ပင်

"သေချာကြိုးစားခဲ့နော်"

"အင်းပါ ကိုနိုင်အောင်ကြိုးစားခဲ့ပါ့မယ်"

မင်းချစ်သူက တော့ ဘေးနားက အတွဲကို မျက်မှောင်ကြုတ် ကာကြည့်ရင်း

"ငပိုင် မင်းရည်းစားက ကန်ရမှာမဟုတ်ဘူးနော် ဂိုးစောင့်ရမှာ"

"ဂိုးစောင့်ရတာကပိုအရေးကြီးတာပေါ့ တစ်ဖက်အသင်းဘောလုံးကို ဂိုးတိုင်ထဲမဝင်ရအောင် ကာပေးရတာ ဘလောက် ဝန်ကြီးလဲ"

မင်းချစ်သူ မျက်စောင်းထိုး လိုက်ကာ
ဘေးနားက ဖိနပ်ကြိုးချည်နေသော အကြောလျှော့နေသော မာန်ဝင့်ထည် နဲ့ ရဲသွေးဘက်အား မေးငေါ့ပြလိုက်ကာ

"အေးပါ ဒီမှာ ကန်ရမယ့်သူနှစ်ယောက်ကို အားနာဦး"

"ဒါနဲ့ စျာန်ကော"

ZARN [SEASON 1] (Completed)Where stories live. Discover now