Episode 13

2.2K 82 4
                                    

Episode 13

Flash Back

ဗုဒ္ဓဟူးနေ့ မုန့်စားဆင်းချိန်

စျာန်လင်းခေတ် နဲ့ မာန်ဝင့်ထည် နဲ့ ဓားနဲ့ထိမိတဲ့ ကိစ္စဖြစ်ပြီးကတည်းက စကားမပြောဖြစ်တော့ပါ
အထူးသဖြင့် စိုပြေမင်းခန့် ဆိုတဲ့ကောင်က သူနဲ့ကျူရှင်တစ်ခုတည်းတက်နေတာ သိရတော့ ရင်တွေပိုပူလောင်ရသည်

စျာန်လင်းခေတ် ကပဲ ဒီကောင်အသားယူတာတွေကိုသဘောကျနေတာလား ဒီကောင့်အပေါ် သူငယ်ချင်း စိတ်ဓာတ်ပဲရှိနေတာလား တော့ မသိနိုင် ဘာပဲဖြစ်ဖြစ် စျာန်လင်းခေတ် နဲ့ ဟိုကောင်ရဲ့အခြေနေ တွေဘာထူးလဲ သိရအောင်တစ်ခုခုတော့လုပ်ရလိမ့်မည် မိမိကိုယ်တိုင်လဲ ကျူရှင်မတက်ချင် ဒီစာတွေဆိုတာ ၃နှစ် တောင်ကျက်လာရပါများတော့ စာနဲ့ပတ်သတ်ရင် ရိုးအီနေတာတော့အမှန်ပင်

အခုက မုန့်စားကျောင်းဆင်းချိန်ဆိုတော့ အတန်းထဲကလူတွေအကုန်အပြင်ထွက်သွားကျပြီဆိုတော့
မာန်ဝင့်ထည် တစ်ယောက်သာရှိသည်

မိမိအရှေ့ခုံက ကောင်လေးက လွယ်အိတ်ကိုခုံပေါ်တင်ထားသည် လွယ်အိတ်ကိုကြည့်မိလိုက်တော့
လွယ်အိတ်တွင် တွေ့လိုက်ရသည့် Keychain
ဝက်ကလေးက ပဲနို့ဗူးလေးကို သောက်နေသော သော့ချိတ်လေးဖြစ်သည်
ဟိုနေ့က ရိသဲ့သဲ့ ကြားလိုက်ရပေမဲ့ ဒါစိုပြေမင်းခန့်ပေးထားတဲ့Keychain ဆိုတာသေချာသည်

စိတ်ထဲက ဟိုကောင်ထက် စျာန်လင်းခေတ် ကိုပိုဒေါသထွက်မိသည် Keychain လက်ဆောင်လက်ခံတဲ့အပြင်ကို အခု လွယ်အိတ်မှာပါချိတ်ထားတာကြောင့်

"S ရေးမပါတာကွာ တောက်"

မာန်ဝင့်ထည် တောက်တချက်ခေါက်ကာ သော့ချိတ်ကိုဆွဲဖြုတ်လိုက်တော့ ဇစ်က ပွင့်နေတာကြောင့် စာအုပ်နှစ်အုပ်သုံးအုပ်ထွက်ကျလာလေသည်

မာန်ဝင့်ထည် စာအုပ်လေးတွေကိုကောက်လိုက်တော့ မျက်နှာဖုံးက နာမည်ရေးသည့်နေရာတွင်
တွေ့လိုက်ရသည့်အရာက မိမိကို ဒေါသမီးပိုတောက်လာစေသည်

*စျာန်လင်းခေတ် (နွယ်)* တဲ့လေ

မာန်ဝင့်ထည် လွယ်အိတ်ထဲက စာအုပ်တွေကိုအကုန်ရှာကြည့်တော့
စာအုပ်တိုင်းမှာကိုရေးထားတာပါ Definition  စာရွက်တွေမှာကအစရေးထားတာကြောင့် ထိုနေရာမှာတင် နာမည်ရေးတဲ့နေရာတွေပဲ ကွက်ဖြဲကာ အကုန်လုံးကိုလွှတ်ပစ်ခဲ့လေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now