Episode 1

6K 146 3
                                    

Episode 1

နေ့လည်မုန့်စားဆင်းချိန် အတန်းထဲတွင် စျာန်လင်းခေတ်တို့တစ်သိုက် မုန့်တွေဝယ်ကာစားနေရင်း  အောင်စိုးပိုင်က စပြောလာသည်

" စျာန် ငမင်း သိလား ငါကြားထားတယ် ကျောင်းအုပ်ဆရာမကြီးကလေ နောက်အပတ်ကစပြီး ကျောင်းတက်ချိန်ပြောင်းမယ်တဲ့ "

ထိုအခါ စျာန်ကပလုတ်ပလောင်းနဲ့အစာစားနေရင်း

"ဟင် ဟုတ်လား ဘယ်အချိန်ကနေဘယ်အချိန်ထိတုန်းဟ"

" ၇နာရီကနေ ၁၂ထိလို့ကြားတယ် ဒါပေမယ့် ဒီနေ့မှ အင်္ဂါနေ့ပဲရှိသေးတယ်မလား သောကြာနေ့လောက်မှ ပြောမယ်ထင်တယ်"

ထိုအခါမင်းချစ်သူက

"အဲ့တာလဲကောင်းသား အခုကကွာ ၆နာရီ အရောက်လာရ တာအဆင်မပြေဘူး "

"ဒါပေမယ့် ငါကကြားပဲကြားတာပါကွာ မသေချာသေးဘူး"

စျာန်တို့ကျောင်းသည် အထက်တန်းကျောင်းဆိုပေမဲ့ မနက်ပိုင်းတွေ စျာန်တို့ ၈/၉/၁၀ တန်းတွေ တက်ပြီးညနေပိုင်း အလယ်တန်း ၅/၆/၇ လေးတွေတက်ရသည် ဒါကြောင့် ကျောင်းက နေ့တစ်ဝက် ပုံစံဖြစ်နေတာဖြစ်သည်

ထိုအခါ မင်းချစ်သူက

"ငါကတော့ မပျော်တော့ဘူးသိလား
ငါတို့အခန်းက တစ်ခြားအတန်းနဲ့ယှဥ်ရင် လူနည်းလို့ပြောပါတယ်ဆိုမှ မနက်က ဒေါ်ချိုကြီး ပြောတာ ကြားတယ်မလား Repeater တွေလဲ ပြန်တက်မယ်တဲ့ "

မင်းချစ်သူပြောသည်ကို အောင်စိုးပိုင် က ထောက်ခံသည့်သဘောဖြင့်

"အေးကွ ဒါပေမယ့်လဲကွာ ဘယ်တတ်နိုင်မလဲ
သူတို့ထဲမှာ ငါတို့နဲ့သူငယ်ချင်းဖြစ်နိုင်မယ့် သူပါရင် သိပ်ကောင်းမှာပဲ သူတို့တွေကအကြီးတွေဆိုတော့ ငါတို့မသိတာတစ်ခုခုရှိရင် သူတို့ကိုမေးလို့ရတယ်လေ  မင်းရောအဲ့လိုထင်တာမလား စျာန်"

စျာန်က ထို repeater ရောက်လာမည့်ကိစ္စကိုစိတ်မဝင်စား

သူစိတ်ဝင်စားတာက နွယ်ပင် နွယ်ကနေ့လည်စားလဲထွက်မစား ပဲပြားသုတ်လေးဝယ်ပြီးသွားပို့တာကို စာကြည့်တိုက်သွားတယ် မပြန်လာသေးဘူး ဆိုပြီး သူ့သူငယ်ချင်း ယမင်းအေးက ပြောလိုက်ခြင်းဖြစ်သည်

ZARN [SEASON 1] (Completed)Where stories live. Discover now