Episode 40

1.6K 58 0
                                    

မိုးများမှာ မစဲတဲ့အပြင် ပို၍ သည်းထန်စွာရွာသွန်းနေလေသည်
ထို့အပြင် ရိုးရာမပျက် Epc မှလဲ မီးပျက်သွားသည်မို့ အမှောင်ကြောက်သည့်စျာန်လင်းခေတ်မှာတော့ မာန်ဝင့်ထည် ရဲ့ ရင်ခွင်လေးထဲဝင်လျက်

မာန်ဝင့်ထည် မှာတော့ စျာန်လင်းခေတ် ရဲ့ ဆံပင်လေးများ အား ပွတ်သတ် ပေးနေပြီး
မျက်လုံးလေးမှေးကာနေလေသည်

မာန်ဝင့်ထည် ရင်ဘတ်နှင့် နီးကပ်နေသော စျာန်လင်းခေတ်မှာတော့ အိပ်ဖို့ကြံမယ်ရှိတုန်း တဒုတ်ဒုတ်မြည်နေသော မာန်ဝင့်ထည် ရင်ဘတ်က အသံကြောင့် အိပ်လို့မရတော့ပေ
ထို့ကြောင့်

"ခ ခဗျား နှလုံးရောဂါများ ရှိနေတာလား"

ထိုအခါ မာန်ဝင့်ထည် မှာ စျာန်လင်းခေတ် အား မျက်လုံးလေးဖွင့်ပြီး ငုံ့ကြည့်လာကာ

"ဘာလို့လဲ"

"ဘာလို့ရမှာလဲ ခဗျားရင်ဘတ်က တဒုတ်ဒုတ်နဲ့ မြည်နေတာကြောင့် ကျွန်တော် အိပ်မရတော့ဘူး"

နှခမ်းလေးစူကာ ပြောလာသော မိမ်ကောင်လေးငယ်အား မာန်ဝင့်ထည် တင်းကြပ်သွာ ဖက်လိုက်ပြီး

"အဲ့တာ မင်းနဲ့တွေ့တိုင်းအဲ့လိုဖြစ်တယ် ငယ်ရ
တွေ့မှမဟုတ်ဘူးကွာ မင်းအကြောင်းတွေးတိုင်း ဒီရင်ဘတ်ကြီးက တဒုတ်ဒုတ်မြည်နေတာ"

ထိုအခါ စျာန်လင်းခေတ် မာန်ဝင့်ထည် ရဲ့ ရင်ဘတ်အား ဖွဖွလေး ထုလိုက်ကာ

"စကားကတော့ ရှယ်တတ်တယ်နော် ဟွန့်"

"မင်းထင်တာ ရင်ဘတ်ပဲထင်နေတာလား အောက်က ကိုယ့် ညီလေးကလဲ မင်းဆီကို..."

"ခဗျားနော်.."

မိမိတောင်စကားမဆုံးသေး လက်မြန်လွန်းလှသော မိမိရဲ့ အကောင်ပေါက်လေးမှာ မိမိရင်ဘတ်အား လက်သီးလေးဆုပ်ကာ လာထိုးလေသည်

"အာ့ ငယ်နော် ငြိမ်ငြိမ်နေကွာ မင်းကုတင်က နဲ့နေပြီ ကိုယ်အဲ့တာကြောင့် စိတ်ကို ချုပ်တည်းထားရတာ ဟင်းးး ခုချိန် ဟို မူကြိုအခန်းလေးမှာသာဆိုရင်တော့...."

အနှောင့် သွားမလွတ်သော မာန်ဝင့်ထည် စကားများကြောင့် စျာန်လင်းခေတ် ရှက်လာကာ ဗိုက်ကြွတ်သားအား ဆိတ်ဆွဲလိုက်လေသည်

ZARN [SEASON 1] (Completed)Where stories live. Discover now