Episode 7 Part 2

2.6K 86 1
                                    

အားမာန်တစ်ယောက် ပြေးထွက်လာသော စျာန်လင်းခေတ်နောက်အားပြေးလိုက်သွားကာ

"ညီလေး စျာန် အဆင်ပြေရဲ့လား"

ထိုကောင်လေးမျက်နှာကိုကြည့်တော့ မျက်နှာတစ်ခုလုံး နီရဲကာ တစ်ခုခုကိုကြောက်လန့်နေသည့်အမူရာဖြင့်

"မထိနဲ့ ဒီကိစ္စမှာ ခဗျားလဲ အလိုတူအလိုပါပဲ"

စျာန်လင်းခေတ် စကားလဲဆုံးတာနဲ့ ထိုနေရာမှ ပြေးထွက်ခဲ့တော့သည်
အားမာန်လဲ ထိုကောင်လေးနောက်မှလိုက်သွားကာ အတန်းရှိရာသို့လာခဲ့လိုက်တော့သည်

*****

မာန်ဝင့်ထည် Toilet မှာထွက်လာရင်း ရဲသွေးအားပြုံးပြလိုက်ကာ

"သွားမယ်သားကြီး ပထမအချိန်ပြီးတော့မှာမလား"

ရဲသွေးလဲ ဖြစ်နေသည့်အခြေနေကိုမမေးတော့ပါ
မာန်ဝင့်ထည့်ကိုကြည့်ရတာ သွေးပူနေသည့်အချိန်လဲဖြစ်နေသောကြောင့်

"အေး ဒါနဲ့ အဝတ်တွေသေချာပြန်ဝတ်လိုက်ဦး"

မာန်ဝင့်ထည် လဲ နောက်ဖက်မှသွေးတွေကို ရဲသွေးအားပြလိုက်ကာ

"သွေးတွေအရမ်းများနေလား"

ရဲသွေးလဲ သွေးတွေကိုမြင်လိုက်ရတော့

"မာန် မင်းဘယ်လိုဖြစ်တာလဲ သူမင်းကိုတစ်ခုခုနဲ့ထိုးတာလား"

အခုအခြေနေမှာ မာန်ဘာစကားမှသိပ်မပြောချင်
စကားစကိုအမြန်ဖြတ်ကာ

"နောက်မှမေးကွာ ငါ့ကိုသွေးတွေသိပ်မစွန်းအောင်သုပ်ပေးဦး ဒါနဲ့ ဟိုကောင် အားမာန်ကော"

" စျာန်လင်းခေတ် နောက်ပြေးလိုက်သွားတယ်"

ရဲသွေးက သွေးများကို မိမိဆောင်ထားသော လက်ကိုင်ပဝါဖြင့်သုတ်ပေးကာ မာန်ဝင့်ထည်ရဲ့ မေးခွန်းကိုဖြေလိုက်သည်

"အေး သားကြီးအဖြူရောင်ဆိုတော့စွန်းမှာပဲ ထားလိုက်တော့ "

"အေးအေး မင်းအဆင်ပြေရဲ့လား ငါ့အင်္ကျီဝတ်ထားမလား"

ရဲသွေးနဲ့ မာန်ဝင့်ထည် ခန္ဓာကိုယ်ကသိပ်မကွာပါ
မာန်ဝင့်ထည်ကတော့အရပ်အနည်းငယ်ပိုရှည်သည်

ZARN [SEASON 1] (Completed)Where stories live. Discover now