BONUS Episode

1.5K 69 9
                                    

သောကြာနေ့ မနက်ပိုင်း

"စျာန် ဒီနေ့လိုက်ကြည့်မှာမလား"

မင်းချစ်သူက မေးလာတာကြောင့် စျာန်လင်းခေတ် လဲ စာအုပ်ထုတ်ရင်း

"အင်းကြည့်မှာလေ ဘာလဲ မင်းတို့ကကော မကြည့်ဘူးလား"

"ကြည့်မှာပေါ့ဟ ငါကပိုလို့တောင်ကြည့်ရဦးမှာ ဟီး"

ပြုံးဖြီးဖြီးနဲ့ပြုံးလာသော အောင်စိုးပိုင် ကြောင့် မင်းချစ်သူ က မျက်မှောင်ကြုတ် ကာ

"စျာန် ငါပြောရဦးမယ်သိလား မင်းဒီအကောင် အောင်စိုးပိုင် ကိုထူးဆန်းနေတယ် မထင်ဘူးလား"

မင်းချစ်သူက  သူ့အားလက်ညိုးထိုးကာ ပြောလိုက်သောကြောင့်  မျက်နှာတွင် မလုံမလဲဖြစ်နေသော အမူအရာဖြင့်

"ဘာ...ဘာကိုလဲ အစမရှိ အဆုံးမရှိ နဲ့"

"အေးလေ မင်းကလဲ ဘာထူးဆန်းတာတုန်း"

"မင်းဘာသိလို့လဲ ဒီအကောင် လေ မနေ့က..."

"ဟော ဟိုမှာ ကိုကြီးမာန်တို့လာနေပြီ"

အတန်းထဲက ကောင်မလေးတွေကတော့ ထဲက
တစ်ယောက်ကအော်ပြောလိုက်ခြင်းဖြစ်သည်
ဒီနေ့ကတော့ ဒီမာန်ဝင့်ထည် ဆိုတဲ့ လူကတော့
မိန်းကလေးတွေကို ဘယ်လောက်တောင်ဆွဲဆောင်ဦးမလဲမသိ
ဒီနေ့ပွဲအား မိန်းကလေးတွေလဲအများကြီးမျှော်လင့်ထားကြတာမို့ ပရိတ်သတ်လုပ်မယ့်လူတွေက မိမိတို့အတန်းတင်မဟုတ် တခြားအတန်းမှ သူတို့အားသဘောကျနေသော သူတွေကပါ လာအားပေးကြမည်ဖြစ်တာကြောင့်

အတန်းထဲကလူတွေက အားပေးစကားတွေလာပြောနေတာကြောင့် စျာန်လင်းခေတ် လဲစိတ်အနှောက်ယှက်ဖြစ်လာကာ အတန်းထဲကထွက်ဖို့အလုပ် ဘေးကိုကြည့်လိုက်တော့ မင်းချစ်သူသာရှိသည် အောင်သူရိန်ခန့်ကလဲ မရောက်သေးတာကြောင့် အောင်စိုးပိုင် ကဘယ်ရောက်သွားလဲမသိပါ

"မင်းမင်း ဟိုကောင် ငပိုင်ရော"

မင်းချစ်သူ အနောက်ဘက်သို့လှည့်ကြည့်ရာကနေ မိမိဘက်အားကြည့်လာကာ

"ငါမင်းကိုပြောတယ်မလား ဒီကောင်ရည်းစားရနေတာလားမသိဘူး မနေ့ကလေ ကျူရှင်ပြန်တော့ ဖုန်းတွေ အတင်းဆက်နေတာ တစ်ယောက်ယောက်က ဒီကောင်က ငါ့ရှေ့မှာမို့မကိုင်ဘူး"

ZARN [SEASON 1] (Completed)Where stories live. Discover now