Episode 44

1.3K 51 4
                                    

"ကျူရှင်လေးတစ်ရက်ပိတ်တာကို အိမ်ကအမေကို ကူမယ်ကိုမရှိဘူး စျာန်လင်းခေတ် တို့ကတော့"

ထုံးစံအတိုင်း မာတာမိခင်ရဲ့ ဗြစ်ဗြစ်တောက်ပြောသံများကိုစကြားရပြီဖြစ်လေသည်

အိမ်ကိုလာခေါ်တဲ့ မင်းချစ်သူ အောင်စိုးပိုင် နှင့် အောင်သူရိန်ခန့် တို့ သုံးယောက်သားက တော့ မျက်နှာပူနေဆဲ

"အမေကြီးကလဲကွာ သားက ဘယ်မှ သွားတာလဲ မဟုတ်ဘူး ဒီအနီးနားလေးပဲကိုကွာ
ပြီးတော့ သားမင်းချစ်သူတို့လဲ ပါတာပဲကို"

ဖခင်ဖြစ်သူမှာတော့ သားဖြစ်သူအားစိုက်ကြည့်နေသော မိန်းမဖြစ်သူအား ချော့နေရလေသည်

မိခင်ဖြစ်သူမှာ မိမိအားစိုက်ကြည့်နေသည့် အကြည့်များကို စျာန်လင်းခေတ် ရှောင်လွှဲနေရလေသည်
နဂိုကတည်းက မလိမ်တတ်သည့်အပြင် မိမိရဲ့ အမေက မျက်နှာအကဲခတ်တော်နေတာမို့ အကြည့်များကို ရအောင်ရှောင်နေတာ ကို အမေဖြစ်သူကရိပ်မိသွားဟန်နှင့်တူကာ

"စိတ်မချတာကတော့ ရှင့်သားကို တော်ရေ
ကြည့်ပါလား ကျွန်မနဲ့ မျက်လုံးချင်းတောင် မဆိုင်ရဲဘူးလေ"

ထိုအခါ ဖခင်ဖြစ်သူရဲ့ အကြည့်မှာ မိမိဘက်အားရောက်လာကာ

"သား မင်း ဧကန္တ ရည်းစားတွေရနေတာလား"

"ဟင်"

"ဟား ဟား ဦးလေးကတော့နောက်ပြီ စျာန်လင်းခေတ် က ရည်းစားရစရာလား ဟား"

အောင်စိုးပိုင် က ထရယ်ကာ ပြောတာကာ မျက်နှာပျက်သွားတာကြောင့် ဦးနေလင်းခေတ်လဲ ကြောင်သွားမိသည်

"ကဲကဲ စတာပါ သွား ညနေဘယ်အချိန်ပြန်ရောက်မှာလဲ မင်းရဲ့ အမေကို အချိန်တိကျတော့ ပြောသွား တော်ကြာ ကောက်နေဦးမယ်

မင်းကိုကောက်နေရင် ငါပါအငြိမ်မနေရဘူး ဟွန့်"

"တော်နော် ကလေးတွေရှေ့မှာ"

ဒေါ်ခင်မြရီ မှာ ဦးနေလင်းခေတ် စကားကြောင့် ရန်ပြန်တွေ့လိုက်၍ သားဖြစ်သူဘက်လှည့်
လာကာ

"စာမေးပွဲနဲ့ ဝေးနေလို့ ကံကောင်းသွားတယ်မှတ်နော် စျာန်လင်းခေတ် သွား အဝတ်လဲတော့ မနက်ကတည်းက ရေချိုးထားလို့ ထူးဆန်းတယ် မှတ်တာ
ဒင်းက အကြံနဲ့ကို"

ZARN [SEASON 1] (Completed)Where stories live. Discover now