Episode 22

2K 81 7
                                    

Episode 22

အချိန်တွေက တစ်လကျော်တောင်ကြာလာခဲ့ပါပြီ ဒုတိယ လစမ်းစာမေးပွဲကိုတောင်ရောက်တော့မှာပါ
ဒီကြားထဲ မာန်ဝင့်ထည် ဘက်က စျာန်လင်းခေတ် နဲ့ ပတ်သတ်သမျှအကုန်လုံးကို အဆတ်ဖြတ်ပစ်ရတော့သည်
ခုံတန်းတောင် နောက်ဆုံးတန်းကိုပဲပြန်ထိုင်လိုက်ကာ စာကိုပဲ အာရုံတွေစိုက်မိနေတာတော့အမှန်ပင်

ရှေ့တန်းက ကောင်လေး ၄ယောက်ကတော့
ထုံးဆန်းအတိုင်းဘာမှ မပြောင်းလဲပေ
ပြောင်းလဲတာက တော့ မင်းနဲ့ငါရဲ့ကြားက ဆက်ဆံရေးတွေပေါ့
ငါဘက်က မင်းကို စလဲ မခေါ်တော့သလို ငါဘက်က စ မပတ်သတ်ရင် ပျော်ရွှင်နေတဲ့ မင်းကြောင့်လဲ ပါတာပေါ့

လာမည့်သောကြာကျရင် နွယ်နဲ့ မာန်ဝင့်ထည် ချစ်သူဖြစ်တာ ၁လပြည့်ပြီဖြစ်တာကြောင့်
မာန်ဝင့်ထည် တစ်ယောက်  ဗြာများနေရသည်

သီရိနွယ်ဆိုတဲ့ကောင်မလေးသည် မိမိအပေါ်ကိုတကယ်တော့ချစ်ရှာသည် အခုထိ သူ့အိမ်နားထိတောင်လိုက်မပို့ရပေမဲ့ လမ်းနားလေးထိတောင်ပို့ရလေသည်

နောက်ပိုင်း သီရိနွယ်ကိုလဲ စျာန်လင်းခေတ် နဲ့မပတ်သတ် ဖို့ပြောထားတာမို့ ကျောင်းသွားကျောင်းပြန် ကျူရှင်တွေကအစ မာန်ဝင့်ထည် ပဲ အကြိုပို့လုပ်ပေးရသည်

ပြီးတော့ အောင်စိုးပိုင် ကလဲ အားမာန် နဲ့ပဲ အသွားပြန်လုပ်တာကြောင့် စျာန်လင်းခေတ် ကတော့ မင်းချစ်သူနဲ့ နှစ်ယောက်သာ ကျန်ခဲ့ခြင်းဖြစ်သည်

တစ်လအတွင်းမှာ စိုပြေမင်းခန့် ဆိုတဲ့ကောင်နဲ့ဆက်ဆံရေးမှာ တော်တော်ကိုအဆင်ပြေလာတာကြောင့် မာန်ဝင့်ထည် စိတ်ပူလာတာတော့အမှန်ပင်

စျာန်လင်းခေတ် က အသွားအပြန်တော့အတူတူမလုပ်ပေမဲ့ ကျောင်းမှာလဲ စိုပြေမင်းခန့် မုန့်စားဆင်းချိန်က အစ အတန်းကိုလာတာမို့ မြင်နေထတိုင်း ကသိကအောက်ဖြစ် နေရတာတော့ အမှန်ပါ

အခေါ်ပြော မလုပ်တဲ့ တစ်လအတွင်းမှာ မင်းဘက်က ငါ့ကို နှုတ်ဆက်စကား တောင်မပြောဘူးနော် နေနိုင်လိုက်တာကွာ

******

"စျာန် မုန့်စားဆင်းရင်နော်"

မင်းချစ်သူ ပြောတဲ့စကားရဲ့ အကြောင်းရင်းကိုသိပြီးသားမို့

ZARN [SEASON 1] (Completed)Where stories live. Discover now