Episode 18 part 2

1.8K 82 13
                                    

Episode 18

" ကဲဆရာမတို့ ဒီနေ့ကျောင်းသားသစ်ရောက်တယ်"

ဆရာမနှင့်အတူ ကျောင်းသားသစ်တစ်‌ေယာက်ဝင်လာလေသည် အရပ်ရှည်ပြီး လူကောင်လဲ ထွားပြီးအသားဖြူတဲ့ဘက်သို့ သွားတာကြောင့် အတန်းထဲကမိန်းကလေးတွေကတို့ မာန်ဝင့်ထည် တို့အဖွဲ့ပြီးရင် နောက်ထပ် ဘူးစရာလူရောက်လာတာကြောင့် မျက်နှာတွေကစပ်ဖြီးဖြီးဖြစ်နေသည်

"သူ့နာမည်က အောင်သူရိန်ခန့် တဲ့"

ဆရာမပြောတဲ့နာမည်ကိုကြားဖူးသလိုလိုတော့ရှိသည်

"စျာန် ငါတို့ ဒီနာမည်ကြားဖူးလိုပဲနော်"

"အေးငါကောပဲ တစ်နေရာရာမှာပဲ"

စျာန်လင်းခေတ် တို့ ၃ယောက်သားခေါင်းချင်းဆိုင်နေချိန်

"အောင်စိုးပိုင်  သား"

"ဟုတ်ဆရာမ"

"ဒီက အောင်သူရိန်ခန့်ကို မင်းတို့အတန်းမှာပဲထားမှရမယ်ကွယ် အကုန်လုံးက တစ်တန်းကို၄ယောက်စီပဲဖြစ်နေတာ မင်းတို့အနောက်က ရဲသွေးတို့အတန်းက သူတို့၃ယောက်က လူကောင်ထွားတယ် မင်းတို့ခုံမှာထိုင်ခိုင်းလိုက်လေ ရတယ်မလား"

ဆရာမ ကပြောလာတော့ စျာန်လင်းခေတ် တို့၃ယောက်လဲ  လက်မခံချင်ပဲ လက်ခံရတော့သည် မဟုတ်ရင်ဒေါ်ချိုကြီးက ရစ်နေဦးမည်

လက်တွင် Gshock နာရီ အနက်ရောင်လေးနှင့် နား
တစ်ဖက်တွက်လဲ ငွေရောင် နားကွင်းလေးကို စွပ်ထားသော သူသည် ဒီကကျောင်းသားတွေအတွက်တော့အထူးဆန်းဖြစ်နေမှာအမှန်ပင်

ထိုကျောင်းသားသစ်သည် မိမိတို့နားလာကာ

"မင်း စျာန် စျာန်လင်းခေတ် မလား"

စျာန်လင်းခေတ် နဲ့အတူကြောင်သွားတာက ဘေးကနှစ်ယောက်အပြင်  အနောက်တန်းက၃ယောက်ကပါ ခေါင်းမော့ကြည့်လာလေသည်

"ဘယ် ဘယ်သူ"

"ဝမ်းနည်းသွားပီကွာ ငါက တော့အတန်းထဲဝင်လာကတည်းက မင်းတို့ ၃ယောက်လုံးကိုမှတ်မိတယ် မင်းတို့ကတော့"

ထိုအချိန်တွင် မင်းချစ်သူက

"စျာန် ဒါ ဆည်းဆာဟန် အကိုလေ B ခန်းက လေကွာ မင်းကို သူ့ညီမနဲ့အတင်းလိုက်ပေးစားတဲ့တစ်ယောက်"

ZARN [SEASON 1] (Completed)Donde viven las historias. Descúbrelo ahora