Episode 56

1.8K 45 2
                                    

"နည်းနည်းလေး အကြည့်ပြောင်းပေးလို့ရမလား ညီလေး"

"ဟုတ်"

*ဖြတ် ဖြတ်*

Camera Man ရဲ့ စကားကြောင့် စိုပြေမင်းခန့်လဲ ရေမွှေးပုလင်းလေးကိုင်ကာ ဗျာများနေရသည်
"အဲ့လို မဟုတ်ဘူးလေညီလေး ဥပမာ ကိုချစ်ရတဲ့ သူရှေ့မှာ ဆွဲဆောင်မှု ရှိတာကို ပြချင်တာ မျက်လုံးလေးက နည်းနည်းလေး လိုနေတယ်..!"

Camera Man ရဲ့ စကားသံတွင် စိတ်မရှည်သည့်ဟန်ပါလာတော့ အနောက်မှ ကြည့်နေသော Alcus လဲ မနေနိုင်တော့တာကြောင့် စိုပြေမင်းခန့် အနားသို့ လျှောက်လာကာ

"အဆင်ပြေရဲ့လား ချာတိတ် မင်းအတွက် ပထမဆုံးအကြိမ်ဆိုတော့ ရင်တုန်တာလဲ ဖြစ်နိုင်တယ်"

စိုပြေမင်းခန့် လဲ အနည်းငယ် ငြိမ်သက်သွားမိသည်
တကယ်တမ်းလဲ မိမိဘက်က လိုအပ်ချက်ရှိတာမဟုတ်ပါလား

ဒီလိုမှန်းသိရင် အစကတည်းက လက်မခံခဲ့သင့်ဘူး ဟုသာ ကိုယ့်ကိုယ်ကို စိတ်ထဲကနေ အပြစ်သာ တင်မိတော့လေသည်

နဖူးတွင်လဲ ချွေးလဲ အနည်းငယ် စို့တာမို့ Alcus စိုပြေမင်းခန့် အခြေနေကို ရိပ်မိသွားလေသည်

"ကဲ အားလုံးပဲ ခန နားရအောင် အခုမှ 6 နာရီပဲရှိသေးတော့ ကျွန်တော်တို့ 15 မိနစ်လောက်နေ ပြန်ဆုံကြရအောင်.."

"ဟုတ် Boss"
"ဟုတ်"

Alcus ရဲ့စကားအဆုံး စတူဒီယိုထဲကနေ  ဝန်ထမ်း ၅ယောက်လောက် ထွက်သွားလေသည်

အမှန်တော့ ဒီနေ့ Alcus Work From Home လုပ်ဖို့စဥ်းစားထားသော်လဲ နောက်ထွက်မယ့် Product အား Monday အမှီ တင်ပြချင်တာကြောင့် ဝန်ထမ်းအနည်းငယ်အား OT ဆင်းခိုင်းလိုက်ခြင်းဖြစ်သည်

နှဖူးတွင် စို့နေသော ချွေးလေးများအား အင်္ကျီစဖြင့်သုတ်ကာ စတူဒီယိုမှ ထွက်သွားသော စိုပြေမင်းခန့် သည် မိမိအား တစ်ချက်ကလေးတောင် လှည့်မကြည့်သွားပေ

****

"အဆင်ပြေရဲ့ လား ချာတိတ်! မင်းကြည့်ရတာ တစ်ခုခုဖြစ်နေပုံပဲ"

မိမိဘေးနားက ခုံတွင် လာထိုင်သော Alcus ကြောင့် စိုပြေမင်းခန့် လဲ ငိုင်နေရာမှ  အသိပြန်ဝင်လာကာ

ZARN [SEASON 1] (Completed)Where stories live. Discover now