Episode 37

1.8K 64 0
                                    

ဒေါ်ခင်မြရီ တစ်ယောက် မနက်ပိုင်း မူကြိုဖွင့်ရန်အတွက် ခြံထဲအားသန့်ရှင်းရေးလုပ်နေလေသည်

ခြံထဲက အမှိုက်များအား အုန်းတံမြက်စည်းဖြင့် လှည်းနေရင်း ရုတ်ရက် ခြံရှေ့မှ မိမိနာမည်အား လူတစ်စု အလောကြီးသုတ်ပြာနှင့် ခေါ်ခြင်းကို ကြားလိုက်ရလေသည်

"ဆရာမ ရှိလား ထွက်ခဲ့စမ်းပါ ဆရာမ"

မိမိအား ခေါ်နေသော အမျိုးသမီးမှာ တခြားသူမဟုတ် မိမိမူကြိုက ကြယ်စင်လင်းရဲ့ အမေဖြစ်လေသည်

ထိုအမျိုးသမီး၏ ဘေးတွင်လဲ မိမိမူကြိုတွင် တက်နေသော ခန့်ကျော်လေးရဲ့ အမေနှင့်အတူ မိမိတို့ရပ်ကွက်လူကြီးပါ ပါတာကြောင့် ဒေါ်ခင်မြရီ တစ်ယောက် အနည်းငယ်တော့တုန်လှုပ်မိသွားလေသည်

"ဘာဖြစ်တာလဲ ကြယ်စင်လင်းတို့အမေ အလောကြီးသုတ်ပြာနဲ့"

"ရှင်ကျွန်မ သမီးနာမည်ကိုခေါ်စရာမလိုဘူး"

ထိုအမျိုးသမီးရဲ့စကားအား တဖက် အမျိုးသမီး ကထောက်ခံသည့်ဟန်ဖြင့်

"ဟုတ်တယ် ကျွန်မတို့ကလေ ကျွန်မတို့သားသမီးတွေကို မူကြိုလာထားတာရှင့် ရှင်ရိုက်ချင်တိုင်းရိုက်ရအောင် လာထားတာမဟုတ်ဘူးရှင့်!"

ထိုအမျိုးသမီး နှစ်ယောက် ရဲ့ စကားပြောသံ မှာ ကျယ်သွားတာကြောင့် လမ်းသွားလမ်းလာ တွေကပဲ တချက်ချက် ကြည့်သွားလေသည်

ဒေါ်ခင်မြရီမှာ ထိုအမျိုးသမီပြောနေသည့်စကားများအားနားမလည်တော့ပေ

မိမိမှာ ကလေးတွေ အား တခါမှ မရိုက်ဘူးသလို မာန်ပါအောင်တောင် မဆူဖူးပေ

ဒေါ်ခင်မြရီ တစ်ယောက် ဘေးနားက ရပ်ကွက်လူကြီးဖြစ်သူ ဦးခင်ကျော် အား ကြည့်လိုက်၍

"ဘာတွေဖြစ်နေတာလဲ ဦးကျော်ရယ် ကျွန်မကလေးတွေကို တစ်ခါ မှ မရိုက်ဖူးပါဘူးရှင်"

"ကျွန်တော်လဲ ဝေခွဲရခက်တယ် ဗျာ အစကမယုံပေမဲ့ ကလေးနှစ်ယောက်ရဲ့ ကျောပြင်မှာ ရိုက်ထားတဲ့ အရာတွေက ညိုမဲစွဲနေတာပဲ"

ထိုလူပြောတဲ့စကားက ဒေါ်ခင်မြရီအား မယုံကြည်သော အငွေ့သက်ကို ရလိုက်သည်မို့

ZARN [SEASON 1] (Completed)Where stories live. Discover now