Episode 17

2.1K 83 8
                                    

Episode 17

ဒီနေ့ တော့ ကျောင်းဆင်းခါနီး မိုးများအုံ့နေကာ
ရာသီဥတု က အလွန်ပင် ကောင်းတယ်လို့ပြောရမလား
မိုးရွာရန် အစပြုနေသော လေပြေအေးလေးများသည် မိမိတို့အဆောင် ထဲထိရောက်အောင်အေးနေတာပဲ

"ဟူး ညနေထိရွာရင်ကောင်းမှာပဲ"

အောင်စိုးပိုင် တစ်ယောက်အတန်းပြင်ဘက်ကိုငေးကာ ပြောလိုက်လေသည်

"အေးလေနော် ညနေထိသာရွာရင်တော့ မိုးရေချိုးမယ် နော် စျာန် မင်းကောချိုးမှာလား"

စျာန်လင်းခေတ် အတွေးများလွန်နေတာကြောင့် ဘေးနားက မိမိသူငယ်ချင်းနှစ်ယောက်ပြောနေတာကိုမကြားနိုင်ပါ
နားထဲတွင် ကြားယောင်နေတာက မနက်က ဟိုလူပြောခဲ့တဲ့စကားများကို အသံများထပ်အောင်ကြားနေရသည်
သူပြောတဲ့ချစ်တယ် ဆိုတဲ့စကားထပ်
ထိုလူပြောတဲ့အတိုင်ဆို မိမိကြောင့် အပြစ်မရှိတဲ့ နွယ်က ဒီပွဲထဲမှာ မြေဇာပင် ဖြစ်မှာမဟုတ်ပါလား
သူအလျော့ပေးရမလား စောစောကတည်းက ဒူးထောက်လိုက်သင့်လား ဘာတွေဆက်လုပ်ရမလဲ ဆိုတာကိုသာ ဒွိဟတွေဖြစ်လာသည်

"ဟော မိုးရွာလာပြီ "

ရုတ်တရက် အောင်စိုးပိုင် ပြောစကားကြောင့်
စျာန်လင်းခေတ် အသိစိတ်ပြန်ဝင်လာကာ အပြင်ဘက်ကိုကြည့်လိုက်တော့ မိုးကတော်တော်သဲစွာရွာနေသည် ထီးမပါသည့်အပြင် စက်ဘီးကိုအမြန်မောင်းရဦးမယ်

"စျာန် ထီးလဲမပါဘူး"

"ငါ့မှာတော့ပါတယ် တစ်ချောင်းပဲ ဒါဆိုလမ်းလျှောက်ပြန်ကြမလား"

အောင်စိုးပိုင် က သူမှာ ထီးရှည်လေးတစ်ချောင်းပါလာသောကြောင့် တူတူပြန်ကြရန်ပြောနေခြင်းဖြစ်သည်
စျာန်လင်းခေတ် မိုးရေ စိုတာဘာမှမဖြစ်ပေမဲ့
အောင်စိုးပိုင်နဲ့ မင်းချစ်သူက မိမိထက်နည်းနည်းလှမ်းအောင်ပြန်ရမှာမလား

"ရပါတယ် ငါ နွယ့်  အာ ရတယ် ဒီတိုင်း ပဲပြန်လိုက်မယ် မင်းတို့သာ ဂရုစိုက်ပြန်ကြ"

"အေး အေးပါ"

အစက နွယ့်ဆီမှာ အကူညီတောင်ဖို့စဥ်းစားထားသော်လဲ မနေ့ကကိစ္စကြောင့် နွယ်က ဒီနေ့သူတို့နဲ့ တူတူတောင်ကျောင်းမလာပါ ကျောင်းမှာလဲ သိသိသာသာရှောင်နေတာကြောင့် ကိုယ့်ဟာကိုယ်ပဲ ပြန်တာကောင်းမယ်လို့စဥ်းစားလိူက်တာပဲဖြစ်သည်

ZARN [SEASON 1] (Completed)Where stories live. Discover now