Episode 8 Part 1

2.4K 84 1
                                    


"သောကြာနေ့ နောက်ဆုံးအချိန်က PT( ကာယ) အချိန်ဆိုပေမဲ့ မနက်က ဆရာမ မဝင်လိုက်တာကြောင့်အစားပြန်ဝင်ပေးတာ "

"ဟာဆရာမကလဲ""

အတန်းပိုင်ဆရာမ က မနက်က မဝင်လိုက်ရသောကြောင့် ယခု အစားပြန်ဝင်တာကြောင့် မိမိတို့အတန်းမှာ PT ချိန် မြက်မနှုတ်ရတော့ပါ

"ဟဲ့ နင်တို့နော် ငါလဲဝင်ချင်လို့ဝင်တယ်များမှတ်နေလား နင်တို့ကိုအသင်းတွေခွဲထားပြီးပြီ ကိုယ့်အသင်းကျရက်မနောက်ကျစေနဲ့ အသင်းခေါင်းဆောင်တွေကလဲ ကိုယ့်အသင်းသားပျင်းနေရင် မညှာပဲနဲ့ ဆရာမကိုလာတိုင်ဟုတ်ပီလား"

ဆရာမစကားကြားတော့ စျာန်လင်းခေတ် တို့သုံးယောက်သားခေါင်းချင်းဆိုင်ကာ

မင်းချစ်သူမှစပြောသည်

"ငါတို့ သုံးယောက်တစ်သင်းတည်းကျရင်ကောင်းမယ်နော် "

စျာန်လင်းခေတ်ကလဲ

"ဟုတ်တယ် ငါလဲ တစ်ယောက်တည်းအစောကြီးမလာချင်ဘူး"

"တစ်သင်းတည်းကျမှာပါ ငါတို့ကတစ်ပူးပူးတတွဲတွဲတွေဆိုတော့ဆရာမ ကတွဲပေးမှာပါဟ"

အောင်စိုးပိုင် မှာ မိမိအထင်နဲ့ မိမိကတော့ဟုတ်နေခြင်းဖြစ်သည်

"ကဲကဲ နောက်ဆုံးတန်းက သားလေး"

ဆရာမ က မာန်ဝင့်ထည် အားခေါ်လိုက်ခြင်းဖြစ်သည်
" ဗျာ "

"သားကတနေကုန် အရှေ့ဘက်ကိုပဲကြည့်နေတာနော် နည်းနည်း မျက်လုံးအနားပေးတဲ့အနေနဲ့ ဒီအသင်းစာရွက်လေးကို နံရံမှာလာကပ်လိုက်"

ဆရာမစကားကြားတော့ ရှေ့ဆုံးတန်းကကောင်းလေးတွေနဲ့အတူ တစ်တန်းလုံးနီးပါးရဲ့အကြည့်တို့က မာန်ဝင့်ထည် ဆီအားး ကျရောက်လာသည်

အတန်းထဲကကောင်မလေးများကတော့
မာန်ဝင့်ထည် အားကြိတ်ခိုက်နေကြတာများသည်
ဒီလိုအရပ်လဲရှည် အသားဖြူ၍ မျက်ခုံးနက်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့သူက မိန်းကလေးတိုင်းရဲ့ အိမ်မက်မဟုတ်ပါလား

မာန်ဝင့်ထည် ဆရာမ ပေးတဲ့အသင်းစာရွက်ကိုကြည့်လိုက်တော့ မိမိအား အပြာအသင်း(သောကြာနေ့) ခေါင်းဆောင်အဖြစ်ပေးထားသည် စိတ်ထဲတော့တော်တော်အလိုမကျပေ
ဒီလိုဝေယျာဝစ္စကိစ္စတွေကိုအရမ်းမုန်းသည်
အသင်းထဲပါတဲ့နာမည်တွေကိုကြည့်လိုက်တော့

ZARN [SEASON 1] (Completed)Where stories live. Discover now