Episode 29 Part 1

1.9K 63 9
                                    

Episode 29

ဒီနေ့ကျောင်းကို အောင်စိုးပိုင် ကော အောင်ူသူရိန်ခန့်ကော မလာကြပါ

အောင်စိုးပိုင် မနေ့က ကောင်းကောင်းအိမ်ပြန်ရောက်ရဲ့လား စိတ်တော့ပူမိသည်

ဖုန်းဆက်တော့လဲ စက်ပိတ်ထားတာမို့ မင်းချစ်သူ ခေါ်လတ်စ ဖုန်းကို ချ လိုက်ကာ

"ငပိုင် တစ်ကောင် ဘာလို့ဖြစ်လို့ ဖုန်းပါပိတ်ထားရလဲ စျာန် မင်းကော သိလား"

မိမိဘက်အား ကြည့်ကာမေးလာသော မင်းချစ်သူအား

"ငါလဲ ဘယ်လို သိမှာတုန်းဟ မနေ့က အိမ်ကိုအကုန်ခွဲပြန်ကြတာကို"

"အင်းအဲ့တာတော့ ဟုတ်မှာပါ"

စျာန်လင်းခေတ် တို့နှစ်ယောက် စကားပြောနေတုန်း လူတစ်ယောက် ကပြာကယာနဲ့ရောက်လာပြီး

"အပိုင်လေးကော ကျောင်းမလာဘူးလား"

အားမာန်နဲ့ရဲသွေး နောက်တန်းကနေ မိမိတို့ရှေ့တန်းကိုလာမေးခြင်းဖြစ်သည်

"ဟင် ခဗျား တောင် မသိတာ ကျွန်တော်တို့က ဘယ်လိုလုပ်သိမှာလဲဗျ"

"တောက် သွားပြီကွာ ရဲသွေး သူ့အိမ်က ကျောင်းမလာခိုင်းတော့တာများလား"

အားမာန်တစ်ယောက် စာရေးခုံအား ထိုးလိုက်ကာ မိမိကိုယ်ကိုအပြစ်တင်နေမိသောကြောင့်

မင်းချစ်သူက

"ခဗျားတို့ ဘာဖြစ်ထားကြတာလဲ သူဖုန်းကိုခေါ်တာ လဲ စက်ပိတ်ထားတယ်"

ထိုအခါ အားမာန်က ခေါင်းကိုငုံ့ကာ

"မနေ့က သူ့အိမ်ရှေ့မှာ ငါနဲ့သူနမ်းတာ သူ့အကိုလားမသိဘူးမြင်သွားတယ်ကွာ"

ထိုအခါ မှ မင်းချစ်သူကော စျာန်လင်းခေတ် ကော မျက်လုံးများပြူးကြလာကာ ပြိုင်တူ

"ဟင် ကိုကြီးသော် ကလား"

ထိုအခါမှ အားမာန် က ခေါင်းပြန်မော့လာကာ

"မင်းတို့တော့ သူ့အကိုအကြောင်းသိမှာပါ ဘယ်လိုလဲ ပြောပြပေးပါလား"

အားမာန်ကမေးလာတော့ မင်းချစ်သူက

"အဲ့တာ သူ့အကိုအရင်းမဟုတ်ဘူး ဝမ်းကွဲ နာမည်က မင်းခန့်သော် Uni တက်နေတာ"

ZARN [SEASON 1] (Completed)Where stories live. Discover now