Episode 4

2.9K 111 1
                                    

Episode 4

ဘာလိုလိုနဲ့ ကျောင်းတက်တာ ကြာသပတေးနေ့ရောက်လာပြီးဖြစ်သည်
ဒီနေ့တော့ထူးခြားသည် စျာန်လင်းခေတ်တစ်ယောက် ၅နာရီခွဲကတည်းက အကုန်လုံးပြင်ဆင်ပြီးနေပြီဖြစ်ကာ အောင်စိုးပိုင်နှင့် မင်းချစ်သူတို့အား စောင့်ရန်သာကျန်တော့သည်

5:37 မိနစ်

" စျာန်ရေ "

ရောက်လာပါပြီ
စျာန်လင်းခေတ်လဲ မင်းချစ်သူ ရဲ့ အသံကြားတာနဲ့ တစ်ပြိုင်နက် စက်ဘီးကိုတွန်းကာ ခြံ ပြင်သို့ထွက်လာခဲ့တော့သည်

စျာန်လဲ မိမိကိုအံ့သြစွာကြည့်နေကျသော အောင်စိုးပိုင် မင်းချစ်သူနှင့် သီရိနွယ်တို့အား

"နေပါဦး ငါကပုံမှန်ပါပဲနော် ဘာတွေအထူးဆန်းဖြစ်နေတာလဲ"

မိမိတို့အဖွဲ့တွင် စကားအနည်းဆုံးဖြစ်ပြီး မိမိအမြတ်နိုးရဆုံးသူလေးဖြစ်သော နွယ် က အရင်စပြောလာသည်

"စျာန် နင်ညက ဆေးတွေများမှားသောက်မိတာလားဟင် ပုံမှန်ဆို ခြံထဲထိ အောင်စိုးပိုင်တို့ဝင်ခေါ်ရတာပါ"

ထိုအခါ စျာန်ကလဲ မလုံမလဲဖြင့်

"နင် နင်ကလဲ မနေ့ညက အစောကြီးအိပ်ဖြစ်သွားတာ ငါကျူရှင်လဲ မလာတော့ စာတွေကူးပြီးကတည်းက အိပ်ပျော်သွားတာ"

ထိုအခါ သီရိနွယ်က မနေ့က ကျူရှင်မလာသည့်ကိစ္စနှင့်ပတ်သတ်ပြီး

"နင် ကျူရှင်တွေအရမ်းပျက်မနေနဲ့နော်စာနောက်ကျမယ် ငါတို့တွေပြန်ရှင်းပြတာကရပေမဲ့
ဆရာ့လောက်တော့ နင်နားလည်အောင်မရှင်းပြနိုင်ဘူးလေ ဆရာတောင်မနေ့က နင့်ကိုစိတ်ပူနေတာ
နင်က အဲ့လိုကျူရှင်ပျက် ခဲ တယ်လေ "

"အေးပါ နွယ် ရယ် ငါ နောက်သတိထားပါမယ်"

ထိုအခါ မင်းချစ်သူက ချောင်းဟန့်လိုက်ကာ

"အဟမ်း တစ်ခွန်းဆိုတစ်ခွန်းပဲနော် မပြောလိုက်ချင်ဘူး"

ခြံရှေ့တွင်စကားရပ်ပြောနေကြည်သည့် လူငယ်လေးဦးအနက် စကားဝိုင်းကိုဖြတ်လိုက်တာက အောင်စိုးပိုင်

"ဟိုး ဟိုး ကဲ ကျောင်းသွားရအောင်နော် မတွေ့ရတော့မယ့် သူတွေမှ မဟုတ်တာ "

ZARN [SEASON 1] (Completed)Dove le storie prendono vita. Scoprilo ora