Episode 6

2.7K 79 0
                                    

Episode 6

"အင်း သိမ့်ကော ဘာလုပ်နေလဲ"

မာန်ဝင့်ထည်တစ်ယောက် သိမ့်ဆီမှဖုန်းလာ၍ ဝရန်တာထွက်ကာဖုန်းပြောနေခြင်းဖြစ်သည်

"သိမ့်က ကိုယ့်ကိုလွမ်းနေတာ ဒါနဲ့ကို Sunday ကျတွေ့မယ်လေ ရတယ်မလား သိမ့်လာခေါ်လိုက်မယ် ကို့ဒယ်ဒီက ကားသိမ်းထားတယ်မလား"

"အင်းသိမ့် လာခဲ့လေ ကိုယ်လဲ ကို့ ကလေးလေးကိုအများကြီးလွမ်းနေတာ ဒီရောက်မှ အလွမ်းဖြေဦးမယ်"

"ဟွန့် သတိရတယ်သာ ပြောတာနော် သိမ့်ကပဲ ကို့ကိုဖုန်းအရင်ခေါ်နေရတယ်"

"သိမ့်ရယ် ကိုဖုန်းမသုံးပဲနေတာပါ သုံးမိရင် ရပ်မရမှာစိုးလို့"

"ဟီးစတာပါ ကိုရဲ့ အဲ့တာဆို သိမ့် Sunday ညနေပိုင်းလာခဲ့မယ်"

"အင်း သိမ့် Good Night နော်"

" ဟုတ် ကို ချစ်တယ်နော်😘"

မာန်ဝင့်ထည်ဖုန်းပြောပြီး အခန်းထဲသို့ဝင်ခဲ့ကာ မိမိသူငယ်ချင်းနှစ်ယောက်ကိုကြည့်လိုက်တော့ ရဲသွေးက ဆိုဖာပေါ်တွင် ဂိမ်းဆော့နေ၍ အားမာန်က စာလုပ်နေသည်
မာန့်ဝင့်ထည် အားမာန်နားသို့သွားလိုက်ကာ အားမာန်ကျောပေါ်လက်တင်လိုက်ကာ

"ငါ့ကောင်ကြီးက ကားလိုချင်စိတ် ပြင်းပြနေတာပဲ"

ထိုအခါ အားမာန် ကမိမိ အားကြည့်လာကာ

"ခြောက်ခွပ်မပြောင်နဲ့ ငါ့ကောင်"

မာန်ဝင့်ထည် လဲ အားမာန်ဆံပင်အားဖွာကာ စလိုက်ပြီး ရဲသွေး ဘက်သို့လာခဲ့လေသည်

ဆိုဖာပေါ်တွင် သကောင့်သားက တစ်ယောက်တည်းစကားပြောနေသည်

"Markman ကလမ်းမရှင်းပဲဘာလုပ်နေတာလဲ
Enemy lord ကလာနေပြီကို"

မာန်ဝင့်ထည်တစ်ယောက်ထဲစကားပြောနေသော မိမိသူငယ်ချင်းက အခြေနေမကောင်းတော့သည်ကိုသတိထားမိသည်

*Defeat*

ဖုန်ထဲမှာလေးလံသည့်အသံလေးကထွက်လာသည်
ထို့နောက်ရဲသွေးက မာန့်ဝင့်ထည်အားတချက်ကကြည့်လိုက်ကာ

"သားကြီး ဘာပြောမလို့လဲ ပြောလေ"

မာန်ဝင့်ထည် လဲ ရဲသွေးဘေးတွင် ဝင်ထိုင်လိုက်ကာ

ZARN [SEASON 1] (Completed)Where stories live. Discover now