Episdoe 48

1.2K 51 2
                                    

" မေမေကလဲ သားကိုတောင်မတိုင်ပင်ဘူး"

"ဟဲ့ကောင်လေး  မောင်ဇိုင်းက အလကားနေတာလဲမဟုတ် အိမ်လခပေးနေတာပဲကို ပြီးရင် မင်းလဲ အဖော်ရတဲ့အပြင် အမေလဲ အိမ်လခစုမိတာပဲကို"

ထိုင်ခုံပေါ်တွင် နှခမ်းကြီးစူကာ ရန်တွေ့နေသော သားဖြစ်သူနှင့် အချေတင်စကားများနေသော မိန်းမဖြစ်သူကြောင့် ဦးနေလင်းခေတ်လဲ ဖုန်းကြည့်နေရာမှ

"ကဲ ဒီသားအမိ ဘယ်လိုဖြစ်လာကြတာလဲ အခုမှ အပြင်ကအတူတူပြန်လာကြပြီး.."

"ဖေဖေ စဥ်းစားကြည့် မေမေက ကိုဇိုင်းကို ဒီခြံထဲမှာ အိမ်ငှားမလို့တဲ့လေ"

"အေးလေ ဘာဖြစ်လို့လဲသားရဲ့ အဖေတို့နောက်က အိမ်လေးက ပိုနေတာပဲလေ ပြီးတော့ အိမ်လခလဲ စုမိနေတာပဲ "

"တော်ပဲ ကြည့်ပြောတော့ တော့်သားကို အရင်ကတော့ ကိုဇိုင်း ကိုဇိုင်းနဲ့ အခုမှ သူစိမ်းကျနေတာပဲ"

အမေဖြစ်သူပြောတဲ့စကားလဲမှန်သည် ကိုဇိုင်းက မိမိအရင်က ဒီမြို့လေးစပြောင်းလာကတည်းက မိမိအား သူငယ်ချင်းလို အစ်ကိုတစ်ယောက်လို စောင့်ရှောက်ပေးခဲ့သူဖြစ်သည်

"သားငယ်ရာ မင်းအမေလုပ်တာမင်းကို ထိခိုက်မိတာလဲ မရှိဘူးလေ
ပြီးတော့ မောင်ဇိုင််းကလဲ အခု တစ်ယောက်တည်းနေရတာ
အဆောင်ခကလဲ တစ်လကို ၇သောင်းတောင်ပေးရတာ မင်းအမေက လေ မင်းအဖော်ရအောင်ဆိုပြီး တမင်ကို ငှားပေးတာ "

အဖေဖြစ်သူက ချော့ပြောလာတော့ စျာန်လင်းခေတ် လဲ နားဝင်သွားတာအမှန်ပင်

အမှန်တော့ စျာန်လင်းခေတ် ဒီလို ဆက်ဆက်ထိမခံဖြစ်ရသည်က စိုပြေမင်းခန့် နှင့် သဝန်တိုတဲ့ကိစ္စတောင် အခုထိ အခဲမကျေသေးသော မိမိလူကြီးသည်

ကိုဇိုင်းသာ အိမ်မှာလာနေတာကိုသိလျှင် နေ့တိုင်းအိမ်ကို ချောင်းပေါက်အောင်လာတော့မှာဖြစ်သည်

အမှန်တော့ ဒီနေ့ ထိုယောကျ်ား ရဲ့ အဖေဖြစ်သူနှင့်တွေ့ခဲ့ရတာ သိပ်တော့ ဘဝင်မကျမိသလိုဖြစ်ပေမဲ့ လူတစ်ယောက်ရဲ့ စိတ်ကိုယခဏတာမြင်ရုံနှင့် မဆုံးဖြတ်နိုင်တာကြောင့်ပင်

ZARN [SEASON 1] (Completed)Where stories live. Discover now