Episode 38

1.7K 66 4
                                    

"မင်းကဟုတ်နေတာပဲနော် ပြသာနာကို မီးထွန်းပြီးတော့ကိုရှာနေတာ မာန်ဝင့်ထည် ရာ"

ဖခင်ဖြစ်သူရဲ့ တရားဟောသံကိုမာန်ဝင့်ထည် စတင်နားထောင်ရပြီဖြစ်သည်
ဘေးနားက အဒေါ်ဖြစ်သူကတော့

"အော် အကိုကြီးရယ် သားမာန်က အကြောင်းရှိလို့ နေမှာပါ အခုခေတ်ကလေးတွေကိုက ရိုင်းစိုင်းတာ အကိုကြီးလဲသိရဲ့သားနဲ့"

ထိုအခါ ဦးသီဟဝင့်ထည် ကျောပေးရာမှ မာန်ဝင့်ထည် ဘက်အားလှည့်လာကာ

"မင်းကြပ်ကြပ်သတိထားနေနော် မာန်ဝင့်ထည်
မင်းအမေလို ငါမင်းကို စွန့်ပစ်မိသွားမယ်"

တစ်ခုခုဆို ဒီစကားတစ်ခွန်းနဲ့ ကိုင်ပေါက်တတ်သော ဖခင်ဖြစ်သူအား မာန်ဝင့်ထည် စိတ်ကုန်မိတာအမှန်ပင်

"အကိုကြီးနော် အဲ့လောက်ကြီးကလေးကို..."

"နင်ဘာသိလဲ ဒီကောင့်အကြောင်း..နင်တိတ်တိတ်နေစမ်းပါ သူဇာအေးရာ"

အဒေါ်ဖြစ်သူ သူဇာအေးအား ဦးသီဟဝင့်ထည် ဟောက်လိုက်တော့ အဒေါ်ဖြစ်သူမှာလဲ ငြိမ်သွားလေသည်

"အဲ့တာဆိုဘာဖြစ်လို့ ကျွန်တော့်ကိုပြန်ပြီး အခုလို မွေးထားနေသေးတာလဲ ဒယ်ဒီရာ အရင်လို ရပ်ကွက်ကြားလေးထဲမှာပဲ မယားငယ်ရဲ့သားအဖြစ်ပြန်ထားလိုက်စမ်းပါ"

"မာန်ဝင့်ထည် မင်း တောက်!!

"ထိုးလိုက်စမ်းပါ ထိုးလိုက်"

ဦးသီဟဝင့်ထည် မာန်ဝင့်ထည် အားလှမ်းထိုးဖိုးအလုပ် မာန်ဝင့်ထည် က မျက်နှာပေးလာတာကြောင့် ထိုးရမည့်လက်များမှာ လေထဲမှာပင် အရှိန်သတ်သွားလေသည်

"ကျွန်တော့်ကို ငတုံးများထင်နေလား ဒယ်ဒီ
အခုချိန်ထိ ဒယ်ဒီ့ အချစ်ဦးဆိုတဲ့ မိန်းမကိုရှာနေတုန်းမလား ဟမ် ကျွန်တော်မပြောပေမဲ့ အကုန်သိတယ်"

မာန်ဝင့်ထည် မှာ ဦးသီဟဝင့်ထည် အား မျက်
ထောင့်နီဖြင့် စိုက်ပြောလိုက်လေသည်

"အေး ငါပြန်ရှာတယ် ဘာဖြစ်လဲ အဲ့တော့ အေး အကောင်းတော့ ရှာတာမဟုတ်ဘူး
ပြီးတော့ ဒီကိစ္စ က မင်းတို့ သားအမိနဲ့ဘာ့မှ မပတ်သတ်ဘူး"

ZARN [SEASON 1] (Completed)Where stories live. Discover now