Episode 24 (Warning Tissue😭)

2.6K 86 11
                                    

Episode 24

"သမီးရယ် နင့်အဖေသာသိရင်တော့ မိုးမီးလောင်ကုန်တော့မှာပဲ"

ဒေါ်ခင်မြရီတစ်ယောက် သီရိနွယ်အား အိမ်ထဲသို့ ခေါ်လာကာ သြဝါဒ ခြွေလေသည်

"အန်တီမြရယ် ဖေဖေ့ကို လျှို့ဝှက်ထားပေးပါနော် ပြီးတော့လေ ကိုမာန်ဝင့်ထည်ကလေ လူကောင်းပါ ပြီးတော့ စျာန်နဲ့လဲ တစ်ခန်းတည်းပါ"

ဒေါ်ခင်မြရီတစ်ယောက် သားဖြစ်သူ ဒီရက်ပိုင်း
အိမ်ပြန်လာရင် မျက်နှာမကောင်းရသည့်အကြောင်းရင်းကို ခုမှပဲသိရတော့သည်

အချစ်ကိုမရူးသွပ်သွားသည့် မိမိသားလေးကိုလဲ ဂုဏ်ယူရပေမည်
ဒေါ်ခင်မြရီမှာသားဖြစ်သူမျက်နှာမကောင်းတာ ၂လနီးပါးမြင်ရတာကြောင့် စိတ်မချမ်းမသာဖြစ်ရသည်
သားသမီးစိတ်ဆင်းရဲရင် အရင်ဆုံးမြင်သူက မိဘပင်မဟုတ်ပါလား
အခုတောင် သားဖြစ်သူ စျာန်လင်းခေတ် ဘယ်လိုခံစားရမလဲဆိုတာကို  တွေးမိပြီးစိတ်မကောင်းဖြစ်တာတော့အမှန်ပင် စျာန်လင်းခေတ် ဒီကောင်မလေးအားတစ်ဖက်သတ်ချစ်နေတာ နှစ်တွေကြာနေပြီ မဟုတ်ပါလား

"အဲ့တာထက် သမီးတို့ ချစ်သူဖြစ်နေတာဘယ်လောက်ကြာနေပြီလဲ"

ထိုအခါ သီရိနွယ်က မဝံ့မရဲဖြင့်

"၁လကျော်ပါပြီအန်တီ"

ဒေါ်ခင်မြရီလဲ သက်ပြင်းချရုံကလွဲရင် မတတ်နိုင်တော့ပါ
သီရိနွယ်ဆိုသည်မှာ မိမိလက်ထဲပင် သားဖြစ်သူနှင့်အတူတူကြီးပြင်းလာခဲ့တာကြောင့် မိမိရဲ့သွေးသားအရင်းလိုဖြစ်နေတာကြောင့်ပင်
အမေမရှိသော ထိုကောင်မလေးအား
ဒေါ်ခင်မြရီက အမေတစ်ယောက်နီးပါး အကူညီတွေ လမ်းပြမှုတွေပေးခဲ့တာကြောင့်ပင်

"အင်းပါ နှလုံးသားက နှလုံးသား ပညာရေးကတော့ ပညာရေးပေါ့နော်သမီး နှလုံးသားရေးရာနှင့် ပညာရေးနဲ့ကိုမရောယှက်နဲ့နော် သမီး"

"ဟုတ်ကဲ့ပါ အန်တီ သမီးနားလည်ပါတယ်"

"အင်းပါ ခနလေးမှပြန်လေ သမီးကောင်လေးကိုနှုတ်ဆက်နေလို့ တော်ကြာလမ်းကလူတွေမြင်သွားရင် သမီးအဖေ နားထဲရောက်သွားလိမ့်မယ် ကြားလား"

ZARN [SEASON 1] (Completed)Tahanan ng mga kuwento. Tumuklas ngayon