Episode 53

1.6K 51 6
                                    

"မင်း အဆင်ပြေရဲ့လား ကောင်လေး"

တံတားကို ငေးကာ အော်ငိုနေသော ကောင်လေးဘေးသို့ Alcus ရောက်သွားလေသည်

တကယ်တော့ ဒီကောင်လေး အိမ်က စထွက်လာကတည်းက မိမိကနောက်ကနေ ပါလာသည်မဟုတ်ပါလား

ညမှာ ၈နာရီဝန်းကျင်ရှိနေပြီမို့ ဒီမြို့ရဲ့ တံတားပေါ်တွင် ကားသွားကာလာများဖြင့်စည်နေလျက်ရှိသည်

ပင်လယ်ပြင်ကြီးကို ငေးကာ ငိုနေသော ကောင်လေးမှာ မိမိအား မျက်နှာလွှဲထားလျက်

"ဒီပေါ်က ခုန်ချလိုက်ရင်လေ ကျွန်တော် ဒီလောကကြီးက ပျောက်ကွယ်သွားမှာလားဟင်.. ဟင့်"

Alcus စျာန်လင်းခေတ် ကို မုန်းသာမုန်းနေမိပေမယ့် အခုဖြစ်ရသည့် အကြောင်းရင်း အစုံအလင်ကိုတော့ မသိရသေး

အခုဒီနေရာထိတစ်ယောက်တည်းလာတာကိုတောင် အနောက်က မလိုက်လာသော မာန်ဝင့်ထည် ဆိုသော ကောင်ကိုလဲ ဒီကောင်လေးအစား ဒေါသထွက်မိသည်

တဖြည်းဖြည်း တိုက်လာသော ဆိပ်ကမ်းမှ လေပြေးအေးလေသည် အပြာနုရောင် ရှပ်အင်္ကျီ အပါးလေးကို ဝတ်ထားသော ကောင်လေးအဖို့ အေးလာသည် နှင့်တူပါသည်
လက်ကလေးနှစ်ဖက်မှာ ပိုက်လျက် ငိုနေသည့် အသံမှာလဲ တဖြည်းဖြည်း တုန်ခါလာလေသည်

Alcus အပေါ် အင်္ကျီကို ချွတ်ကာ ထိုကောင်လေးအား အလိုက်သင့်ခြုံဖို့လုပ်လိုက်တော့ ထိုကောင်လေးမှာ မိမိအားကြည့်လာကာ
ခြုံဖို့လုပ်နေသော မိမိ လက်များဆီမှ ရုန်းလိုက်ကာ

"ရတယ် ကျွန်တော် အေးခဲပြီးသေချင်လို့ ခဗျားသွားရာလမ်းကိုသာ ဆက်သွားပါ"

မျက်နှာကိုလွှဲကာ မျက်ရည်များကိုသုတ်ပြီးပြောလိုက်သော ကောင်လေးကြောင့် Alcus မိမိ အပေါ်ထပ် ဝတ်ရုံအား တံတားအောက်သို့ ဝဲပစ်လိုက်လေသည်

"ခဗျား ဘာလုပ်တာလဲ"

"မင်းမှ မလိုတာ ငါက သူများကိုပေးဖို့လုပ်ပြီးတဲ့ ပစ္စည်း ပြန်မယူတတ်ဘူး ချာတိတ်"

ထိုအခါ မျက်လုံးများအစ်နေသော ကောင်လေးသည် မိမိအား ငေးကြည့်၍ ပြုံးလာကာ

ZARN [SEASON 1] (Completed)जहाँ कहानियाँ रहती हैं। अभी खोजें