Ep 9

4K 281 1
                                    


Unicode

ဝမ်နင် အစ်ကိုရှီးချန်ဆီကိုလာတုန်း ရိပေါ်ကအခန်းထဲကထွက်လာတာတွေ့တော့

"ရိပေါ် ဆေးရုံဆင်းတော့မလား"

"ဆင်းလို့မရသေးဘူး ကျန့်ကောက မဆင်းနဲ့ဦးတဲ့"

"အော် ဒါနဲ့ မနေ့က ငါကိုဟိုလူ အမှုနဲ့ပတ်သက်တဲ့ သက်သေခံပစ္စည်းတွေတောင်းသေးတယ်"

"ပေးလိုက်လား"

"မင်းသိမ်းထားပြီး ငါမသိဘူးလို့ပြောလိုက်တယ်"

"ကိစ္စမရှိဘူး ကောင်းတယ်"

"သတင်း‌ေပးတဲ့သူကို ရှာမတွေ့သေးဘူးလား"

"အင်း"

"သတင်းပေးတဲ့လူကလည်း ထူးဆန်းတယ် ရဲစခန်းဖုန်းကိုမဆက်ပဲ မင်းဖုန်းကိုဆက်လာတာ"

"ဒီကိစ္စက တစ်ယောက်တည်းလုပ်တာမဖြစ်နိုင်ဘူး"

"ကြံရာပါရှိမှာပေါ့"

"အဲ့ဒီ့ကြံရာပါက ငါ့ကိုသိနိုင်တယ်"

"သူကငါတို့အနီးမှာပဲလို့ မင်းပြောချင်တာလား"

"ဘယ်သူမဆိုဖြစ်နိုင်တာပဲ"

"ဟင်းးး အမှုလည်းမြန်မြန်ပြီးမှပဲ အစ်ကိုရှီးချန် ဘယ်လိုနေသေးလဲ"

"သက်သာလာပြီဆိုပေမဲ့ နားဖို့လိုသေးတယ်လို့ပြောတာပဲ"

"အစ်ကိုရှောင်းကျန့်မဆင်းခိုင်းရင် မဆင်းနဲ့ သူကဆေးရုံက အတော်ဆုံးဆရာဝန် သူနဲ့သာကုရင် အမြန်သက်သာလာမှာပါ"

"အင်း"
...............

"အား! သေပါပြီ"

အ‌ေရး‌ေပါ်ခန်းထဲတွင် ကျိုးချန်က ရှောင်းကျန့်ကိုရိုက်လိုက်ခြင်းဖြစ်သည်။

"မင်း တစ်မနက်လုံးဘယ်သွားသေနေတာလဲ ဟင်!"

"မင်းပဲပြောတော့ အလွန်အကျွံမလုပ်နဲ့ နားဆို"

"မနေ့ည တစ်ညထဲလေ မင်းကိုဘယ်သူက ဒီ‌ေန့နားခိုင်းလို့လဲ"

"တစ်ညထဲနဲ့ ငါ့လက်ကဒဏ်ရာက ပျောက်မှာကြနေတာပဲ ပြောတဲ့ပုံက"

"မနေ့က မင်းကို သနားလို့ ‌ေစာ‌ေစာပြန်ခိုင်းလိုက်တာ ဒီနေ့တော့ မင်းဂျူတီဝင်ပေတော့"

အသက်နှင့်လဲ၍ (Completed)Där berättelser lever. Upptäck nu