Ep 1

21.1K 670 7
                                    


Unicode

ရဲကားသံတွေဆူညံနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ ဆောက်လက်စ တိုက်ထဲမှာ သေနတ်သံတစ်ခုက ကြယ်လောင်စွာထွက်ပေါ်လာတယ်။

ဒိုင်း ဒိုင်း

"ဟောဟဲ ဟောဟဲ"

"အကိုရှီးချန် အားတင်းထားပါ"

လူနှစ်ယောက်အနက် တစ်ယောက်က ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ နောက်တစ်ယောက်က သွေးတွေပေနေခဲ့တယ်။ သေနတ်ထိထားတဲ့တစ်ယောက်ကို တွဲပြီး အစွမ်းကုန်ပြေးနေပေမဲ့ ခြေလှမ်းတွေကလိုသလို မရောက်နိုင်။ အားအင်ကုန်ခမ်းလုနီးနီး အထိ လက်မလျှော့ခဲ့။

နောက်ဆုံး ရဲကားသံကြားမှ ခန္ဓာကိုယ်တစ်ခုလုံးပစ်လဲကျသွားခဲ့သည်။
...............
လမ်းမပေါ်မှာသွားနေတဲ့ကားတွေဆိုင်ကယ်တွေ
နောက်က ဆေးရုံကားကို လမ်းဖယ်ပေးကြသည်။ အရေးပေါ်ဖြစ်နေသည့်အတွက် ကားဆရာလည်းအမြန်မောင်းနေရသည်။ ထိုကားရဲ့ဦးတည်ရာက TU ဆေးရုံဆီသို့

လမ်းဖယ်ပေးကြပါ!

အရေးပေါ်ခန်းထဲကိုရောက်လာတဲ့ လူနာနှစ်ဦး
ကြောင့် နာ့စ်မ တွေကော ဆရာဝန်တွေပါ အလုပ်ရှုပ်ကုန်ကြသည်။

"ကျဲရေ ကျဲ!"

"ဟင် ဝမ်နင် နင်ဘာဖြစ်တာလဲ"

"ကျွန်တော် ဘာမှမဖြစ်ဘူး ကျဲ ဖြစ်တာ ရိပေါ်နဲ့ သူ့အကို"

"ဘာ! ရိပေါ်ဘာဖြစ်လို့လဲ"

အရေးပေါ်ခန်းက နာ့စ် ဖြစ်တဲ့
ဝမ်ချင်တစ်ယောက် မောင်ဖြစ်သူကိုတွေ့ပြီး စိုးရိမ်သွားတယ်။ ရဲလုပ်နေတဲ့ ကိုယ့်မောင်က လက်မှာသွေးတွေနဲ့ ရောက်လာတာဆိုတော့ လန့်တာပေါ့။

ဝမ်နင်ကိုအပြင်မှာစောင့်ခိုင်းပြီး ရိပေါ်နဲ့ သူ့အကို ရှီးချန်ကို စစ်ဆေးရသည်။ ရိပေါ်က စိုးရိမ်စရာမရှိဘူး သွေးတွေက သူ့သွေးမဟုတ်ဘူး။

ဒါပေမဲ့ သူ့အကိုက ရင်ဘတ်မှာ
သေနတ်ဒဏ်ရာနဲ့

"ဘာဖြစ်တာလဲ"

ဆရာဝန်တစ်ယောက်ရောက်လာပြီး ရှိးချန်ကိုကြည့်တော့

"ကျည်ဆံက နှလုံးကိုဖောက်ဝင်သွားတာ အခုချက်ချင်းခွဲစိတ်ရမယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now