Unicode
တစ်နေ့လုံးလုံး ရိပေါ်စောင့်နေပေမဲ့ ရှောင်းကျန့်က အခုထိသတိရမလာသေးပေ
ကျိုးချန်က မစိုးရိမ်နဲ့လို့ပြောပေမဲ့ စိတ်မချနိုင် ဒီညတော့ဆေးရုံမှာဘဲနေလိုက်တော့မယ်
ဝမ်ချင်တို့ကလည်း သူတို့စောင့်ပေးမယ်ပြောပေမဲ့ ရိပေါ်ကနားမထောင်ဘူး
မနေ့ညကတည်းကထမင်းမစားရသေးလို့ စားပါဆိုတာကို နားမထောင်လို့ ရှောင်မားကိုပြောရသည်
အဲ့တော့ ရှောင်မားက သူကိုယ်တိုင်ချက်လာပြီး ရိပေါ်ကို ပြောကာမှ စားတော့တယ်
ညဥ့်နက်ကြီး ရိပေါ်လန့်နိုးလာလို့ ကြည့်လိုက်တော့ ရှောင်းကျန့်က မေ့နေတုန်းပေ ဒါပေမဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပဲ
*ဆေးရုံဆိုတော့ သရဲတွေဘာတွေမရှိလောက်ပါဘူးနော် မဟုတ်သေးဘူး ဆေးရုံဆိုမှတော့ ရှိမှာပေါ့*
အခန်းအပြင်ကိုထွက်ကြည့်တော့လည်း လမ်းကမီးထွန်းထားပေမဲ့ ခြောက်ခြားစရာကြီး
ကျန့်ကော night duty ဘယ်လိုများစောင့်လဲမသိဘူး ကြောက်စရာကြီး နောက်ဆိုမစောင့်ခိုင်းဘူး ဌာနပြောင်းခိုင်းမှာအပြင်မှာဆက်မနေချင်တော့တာနဲ့ အခန်းထဲပြန်အဝင်
"ရိပေါ်!"
"အမလေး!!!"
"ဘာဖြစ်တာလဲ ဘယ်နားနာလို့လဲ"
"ကျန့်...ကျန့်ကော ဘယ်တုန်းကတည်းက သတိရနေတာလဲ"
"အခုလေးတင် မင်းကဘာလို့ထအော်တာလဲ"
"ဟို ရုတ်တရက်ဆိုတော့လန့်သွားလို့"
ချွေးစီးပြန်နေတဲ့ ရိပေါ်ကိုရှောင်းကျန့်က
"ဝမ်ရိပေါ် မင်းသရဲကြောက်တယ်လို့တော့မပြောနဲ့နော်"
"ဟမ် ဘာ သရဲလည်း မကြောက်ပါဘူး ရုတ်တရက်ဆိုတော့လန့်သွားလို့ပါဆိုနေ"
"ဘာလို့ ချွေးတွေထွက်နေတာလဲ"
"ဒါက....အိုက်ယား! ကျန့်ကောမေ့နေတာ တစ်ရက်တောင်ပြည့်တော့မယ် ကျွန်တော်စိတ်ပူနေတာ သိရဲ့လား"
ESTÁ A LER
အသက်နှင့်လဲ၍ (Completed)
Fanfic1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.