Ep 6

4.9K 336 3
                                    


Unicode

လက်ကဒဏ်ရာကြောင့် ကားမောင်းဖို့အဆင်မပြေသည့်အတွက် ရှောင်းကျန့် ဘတ်စ်ကားသာစီးလိုက်သည်။

မှတ်တိုင်မှာဆင်းပြီး အိမ်ကိုပြန်လာခဲ့တယ်။
ရှောင်းကျန့်နေတဲ့ရပ်ကွက်က လူနေများပေမဲ့
အိမ်မှာနေတဲ့သူရှားသည်။ အများစုက မနက်အစောကြီးအလုပ်သွားပြီးတော့ ညဥ့်နက်မှပြန်လာကြတဲ့လူတွေ။ ညဘက်ဆို တိတ်ဆိတ်နေတာ ဓာတ်မီးတိုင်က မီးက လာလိုက်လင်းလိုက်နဲ့။

တစ်လမ်းလုံး လူမပြောနဲ့ခွေးတွေကြောင်တွေတောင်မတွေ့ရဘူး။ ရှောင်းကျန့်သွက်သွက်သာလျှောက်နေမိသည်။

အိမ်ထဲဝင်မည်လုပ်ကာမှ အိမ်တံခါးကပွင့်နေပြီးသားဖြစ်နေတော့

*သူခိုး!*

ရှောင်းကျန့်သူခိုးလို့ထင်သည့်အတွက် အိတ်ထဲကနေ တုတ်ကိုထုတ်ပြီး တိတ်တိတ်လေး ဝင်လာခဲ့သည်။

အိတ်ထဲမှာတုတ်ကြီးဘယ်လိုရောက်နေတာလဲမမေးနဲ့ အခုခေတ်ကလွယ်တာမဟုတ်ဘူး။ လိုရမယ်ရ ဆောင်ထားရတာ။

လက်ထဲက တုတ်ကို တင်းတင်းကိုင်ပြီး မှောင်ထဲမှာ ဝိုးတိုးဝါးတားနဲ့တွေ့နေရတဲ့ အရိပ်ကို အားအကုန်သုံးပြီး လွှဲရိုက်ခါနီး မီးကပွင့်သွားပါရော

သေချာကြည့်ကာမှ

"ဝမ်နင်!"

"အကိုရှောင်းကျန့် တုတ်ကြီးနဲ့ဘာလုပ်မလို့လဲ"

"မင်းဘယ်လိုရောက်နေတာလဲ ငါကသူခိုးထင်လို့"

"အကိုကျိုးချန် ပြောမထားဘူးလား ကျွန်တော်လာမယ်လို့"

🎼🎶🎵ကူမီးလ် ရာမျောန် အီဂျယ် ကီရောန်နာ ဆင်မ်မျော🎼🎶🎵

ဖုန်းလာလို့ကိုင်လိုက်တော့ ကျိုးချန်...

"ရှောင်းကျန့်ရေ ငါပြောဖို့မေ့သွားလို့ ဝမ်နင်လာမယ်တဲ့ မင်းအိမ်ကို"

"မေ့သွားပေလို့ပဲ ဒီမှာ မင်းရဲ့မတော်ရသေးတဲ့ ယောက်ဖလေးကို ငါသတ်မိတော့မလို့ကွ"

"ဟမ် ဘာဖြစ်လို့"

"နောက်မှ ပြောမယ် ဒါပဲ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now