Ep 2

8.1K 438 0
                                    


Unicode

အထူးလူနာဆောင်ရှေ့တွင် ရပ်နေတဲ့ ရိပေါ် နဲ့ ကျိုးချန်တို့ရော ဝမ်နင်ပါ ပါသည်။

ရိပေါ်မှာ မိသားစုဆိုလို့ အကိုတစ်ယောက်ပဲရှိတော့တာကြောင့် သူ့အကိုကို အဆုံးရှုံးမခံနိုင်
ကျိန်းသေပေါက် အသက်ရှင်ရမည်။ သူ့အကိုကို သေနတ်နဲ့ပစ်သွားတဲ့သူကိုလည်း မရရအောင်ဖမ်းမည်လို့ သဓိဌာန်ချထားသည်။

တော်တော်ကြာတဲ့နောက် ရှောင်းကျန့်ထွက်လာပြီး

"အဆင်ပြေသွားပြီ"

အဲ့တော့ကျမှ ရင်ထဲက အပူကြီးကျသွားတဲ့ ရိပေါ်
................

"ရိပေါ် ဆေးရုံဆင်းလာတာလား"

"ဟုတ် ဆရာ"

သုံးရက်မြောက်နေကြတော့ ရိပေါ် ဆေးရုံဆင်းပြီး စခန်းကိုသွားခြင်းဖြစ်သည်။ တရားခံဖမ်းရမယ်မလား။

"နည်းနည်း နားပါဦး ရိပေါ်"

စခန်းက အဖွဲ့မှူး နျဲ့မင်ကြွယ်က ရိပေါ်ကို နားစေချင်နေသည်။ အကိုကိုလည်း ဂရုစိုက်ရဦးမှာဆိုတော့

"ရတယ်ဆရာ ကျွန်တော် ကောင်းနေပြီ"

"အေး အာ့ဆိုလည်း ငါနဲ့ခဏတွေ့ရအောင်"

အခန်းထဲရောက်တော့

"မင်းတို့အဲ့ညက လူရဲ့မျက်နှာကိုတွေ့လိုက်လား"

"မတွေ့လိုက်ဘူး ဆရာ ကျွန်တော်ရှေ့က အကိုက အရင်လိုက်သွားတာပါ"

"သူရောတွေ့လိုက်မှာပေါ့"

"ကျွန်တော်ရောက်တော့ အကိုက သေနတ်ထိပြီးသွားပြီ တွေ့မတွေ့ သတိရလာမှပဲသိမယ်"

"အင်း ကောင်းပြီ မင်းအကို သတိရဖို့ပဲစောင့်ကြတာပေါ့"

"ဟုတ် ဆရာ"
................

နေရာမှာထိုင်နေရင်းက ရိပေါ်အတွေးများနေမိသည်။ သူ့ကိုအကို မမေ့ခင်က ပြောသွားတာ
အဲ့လူရဲ့ ဂုတ်မှာ နဂါးလိုလို မြွေလိုလို တက်တူးနဲ့တဲ့
အဲ့တုန်းက ရိပေါ်တို့ လူသတ်မှုတစ်ခုလိုက်ရင်း
တရားခံနဲ့ပတ်သက်ပြီး သတင်းရလို့သွားတာ
ဟိုရောက်တော့ လူတစ်ယောက်ကို သတ်ပြီးသွားပြီ။ ဘယ်သူသတင်းပေးလည်းတော့မသိ
သတ်သွားတဲ့လူနောက်လိုက်ရင်း ဒီကိစ္စဖြစ်တော့တာပဲ။

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now