Ep 39

2.6K 164 2
                                    


Unicode

ဆေးရုံရှေ့မှာ ကားကိုမှီပြီးရပ်နေတဲ့ ဝမ်ရိပေါ် သူ့ဆရာဝန်လေးကိုစောင့်နေတာပေါ့

ဖြတ်သွားဖြတ်လာတွေက သူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်ဆို သူကဆေးရုံပေါ်မှာချိတ်ထားတဲ့ ပိုစတာကြီးကို ပြုံးပြုံးကြီးကြည့်နေတာကို။

ဆေးရုံအဆောက်အဦးရဲ့ စာမျက်နှာပေါ်မှာ ဒေါက်တာရှောင်းကျန့်ဆိုတဲ့ ပုံလေးကနေရာယူလို့ အဲ့ဒါကိုပဲ ရိပေါ်မှာကြည့်မဝဖြစ်နေတာ

"ဟေ့! ရိပေါ်!"

ဆေးရုံအဝင်အထွက်တံခါးကနေ ထွက်လာတဲ့ သူ့ချစ်သူလေး အမြန်ထွက်လာသည်ထင် ကုတ်အကျင်္ ီကိုဘက်မှာချိတ်လျက်သားလေးနဲ့ ပြေးလာတာ ဘေးကလူတွေက တီဗီထဲက ဒေါက်တာ အဆင်လေးဆိုပြီး တဖျပ်ဖျပ်နဲ့ ဓာတ်ပုံရိုက်တဲ့သူကရိုက်နေတယ်

ရိပေါ် သူ့ဆီပြေးလာတဲ့သူကို ခါးကနေကိုင်ပြီး
‌ေဝ့ရမ်းပစ်လိုက်တယ် ကုတ်အကျင်္ ီကိုသေချာလုံအောင် ဝတ်ပေးကာ ပါးကိုခပ်ဖွဖွလေးနမ်းလိုက်ပြီး လူတွေကိုမျက်စောင်းထိုးရင်း ကားတံခါးဖွင့်ပေးလိုက်သည်။

ကြည့်နေကြတဲ့ လူတွေက "ဟာ" ခနဲပဲ
ဒီလိုပဲဖြစ်ရမယ်လေ ကိုယ့်အပိုင်ကိုကြွားရတာ ဝါးဟားဟား။

လူကြားထဲမှာ ရိပေါ်က ပါးကိုနမ်းလိုက်ပေမဲ့ နည်းနည်းပူထူသွားတာကလွဲလို့ မရှက်တော့ပေ တစ်ခါတလေ ‌ေရှာင်းကျန့်ကတောင် အရင်စနမ်းတတ်သေးသည်။
ကိုယ့်ချစ်သူပဲ ဘာလို့ရှက်ရမှာလဲလို့ ရှောင်းကျန့်ကတွေးမိတယ်လေ။

အခုသွားတာကတော့ မဂ်လာပွဲအတွက် ဝတ်စုံတွေ နေရာတွေသွားကြည့်ဖို့ မနေ့ညက ဂျူတီရှိတဲ့ ဒေါက်တာလေးကို လာကြိုခြင်းပင်။
သွားနေရင်း ရှောင်းကျန့်က ရိပေါ်ကို မနေ့ညက အကြောင်း ပြောပြနေသည်။

ကျိုးချန်နဲ့ဝမ်ချင်က သူတို့နှစ်ယောက်တွဲနေပြီဖြစ်ကြောင်း ရှောင်းကျန့်တို့ပြီးရင် သူတို့မဂ်လာဆောင်မည်ဖြစ်ကြောင်း ကြော်ငြာလိုက်သောကြောင့် ဖြစ်သည်။

အဲ့ဒီ့သတင်းကို ဘာလို့ဖူဂျိုရှီ နာစ့်တွေ ဘာမှမပြောလည်းဆိုတော့ အစောကြီးကတည်းက ဝမ်ချင်နဲ့ ကျိုးချန် အကြောင်းကိုဆေးရုံတစ်ခုလုံးသိကြတယ်။ အဲ့တာကြောင့် ဒေါက်တာကျိုးချန်ကိုတော့ လွှတ်ထားပေးခြင်းပင်။ မဟုတ်ရင်တော့လား သစ္စာဖောက်ဆိုပြီး ဝမ်ချင်ကို သတ်ကြလိမ့်မယ်။ နဂိုကမှ အနားမှာ ရစ်သီရစ်သီလုပ်ရင်တောင် ဘယ်လိုဘာညာဆိုပြီး အစစ်မကိုမရရအောင် ဆွဲခွာကြတာ။

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now