Ep 13

3.6K 233 0
                                    


Unicode

(ဒီနေရာကစပြီး အမှုအကြောင်းလာပါပြီ)

ဝမ်နင်က ကျင်းဇီရွှမ်း ရဲ့ အထက်ကဆိုတဲ့ လူကို စုံစမ်းနေတာ မြို့နယ်ဝန်ကြီးမှန်း သိသွားတဲ့အချိန်မှာတော့ အံ့ြသသွားတော့တယ်။

မြို့နယ်ဝန်ကြီးက ဖြောင့်မတ်ပြီး ကြင်နာတတ်တဲ့လူတစ်ယောက် ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး......

ရိပေါ် စခန်းကိုရောက်တော့ ဝမ်နင်က သူရသမျှ သတင်းအကုန်ပြောပြတယ်။

"မြို့သူမြို့သားတွေရဲ့ အချစ်ကိုရထားတဲ့ ဝန်ကြီးရဲ့နာမည်က ကျန်းလီမင်"

"......"

"သူ့ဘဝတစ်လျှောက်လုံး ပရဟိတလုပ်ငန်းတွေလုပ်လာတာ သူ့ကိုမသိတဲ့သူ ဒီမြို့မှာမရှိဘူး"

" ငါသိတယ် ဟိုတစ်ခါ စခန်းကလူတွေနဲ့အတူ ထမင်းစားသွားသေးတယ်လေ"

ကျန်းလီမင်က ပရဟိတ တင်မကဘူး။ အစိုးရဌာနတွေက ဝန်ထမ်းတွေကိုပါ မိသားစုလိုပေါင်းတာ သူ့သမီး ကျန်းယန်လီ ဆိုတာ မော်ဒယ်တစ်ယောက် နတ်သမီးတစ်ပါးအလား လှတယ်။ ယောကျာ်းလေးတိုင်း ငေးရတဲ့သူပေါ့။

ကျန်းလီမင်က သူ့သားသမီးကိုတော့ အရမ်းချစ်တာ သူ့မိန်းမက ကင်ဆာနဲ့သေသွားပြီး သူ့သမီးကို ထိတဲ့လူမှန်သမှျ ဘဝပျက်ကြတာပဲ။ ကျန်တဲ့အချိန်မှာတော့ သူကလုံးဝ ရက်ရောလွန်းတယ်။ မိဘဆိုတာ သားသမီးနဲ့ပတ်သက်ရင် ဒီလိုပါပဲလို့ လူတိုင်းက နားလည်ပေးကြတယ်။

အဲ့လိုလူတစ်ယောက်က ဘာလို့...

ရိပေါ်ရဲ့ အတွေးကို ဝမ်နင်က ဖြေပေးလိုက်သည်။

"သူဝန်ကြီးမဖြစ်ခင်က မိန်းမတစ်ယောက်နဲ့မှားခဲ့ဖူးတယ်"

"ဟက်"

"သူ့မှာ တိတ်တိတ်ပုန်းသားတစ်ယောက်ရှိတယ်ဆိုတဲ့သတင်းက မသေချာပေမဲ့ ဖြစ်နိုင်ချေရှိတယ်"

"မင်းပြောတာ တိတ်တိတ်ပုန်းသားဆိုတာက..."

"အင်း လူသတ်သမားက သူ့သားလို့ ငါထင်နေတာ"

"မဖြစ်နိုင်တာ"

"ဒါက သူထောက်ပံ့နေတဲ့ မိဘမဲ့ကျောင်းရဲ့အချက်အလက်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now