Ep 8

4.3K 289 3
                                    


Unicode

"ဟဲ့ ကျိုးချန် ရှောင်းကျန့်ရော"

ဆေးရုံကိုရောက်လာတဲ့ ကျိုးချန် ဘေးမှာရှောင်းကျန့်ပါမလာလို့ ဝမ်ချင်ကမေးတော့

"ပြောမနေနဲ့ အဲ့အကောင် လာပါစေဦး ငါနုတ်နုတ်စင်းပစ်မယ်"

"ဟဲ့ ဘာလို့လဲလို့ သူအဆင်ပြေရဲ့လား"

"ပြေတာမှ သာယာနေတာပဲ"

မနေ့က ကျိုးချန် အိမ်မပြန်ဘဲ ဆေးရုံမှာဘဲ အိပ်တာပါ မနက်က အိမ်ပြန်အဝတ်အစားလဲပြီးတော့ ထမင်းစားနေတုန်း ဝမ်ချင်ဖုန်းဆက်လို့ ရှောင်းကျန့်အိမ်ကိုသွားတာ ဟိုရောက်တော့ ရိပေါ်က ရှောင်းကျန့်အိမ်ထဲက ထွက်လာပြီး နောက်က ကိုယ်တော်ချောက ပါလာတယ်။
နှစ်ယောက်သား ကားပေါ်တက်ပြီး မနက်စာစားတာအထိကြည့်ပြီးပြန်လာတာ။

ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးက သူ့ညီပါးစပ်မှာပေနေတဲ့ ထမင်းစေ့ကို ဖယ်ပေးနေတာများ ဆက်မကြည့်နိုင်တော့လို့ ဆေးရုံသာလာခဲ့တော့တယ်။
အစကတော့ ဝမ်ချင်ကိုကြိုက်နေပေမဲ့ သူ့ညီထက် အရင်အိမ်ထောင်မပြုချင်လို့ ဖွင့်မပြောသေးတာ။ ကောင်းရော အခုတော့ဟိုက သူ့ထက်တောင် သာနေသေး။ ငါလေး မြန်မြန်ဖွင့်ပြောရမယ် အတွဲကြားထဲ fa တော့အဖြစ်မခံနိုင်ဘူး။
ဒါပေမဲ့ ဘယ်လိုဖွင့်ပြောရမလဲ ဝမ်ချင်ကို။

"ဟဲ့ ကျိုးချန်ရေ နင်အသက်ရှိသေးလား ဘာတွေတွေးနေတာလဲ"

"နင့်ကိုဘယ်လိုပြောရမလဲလို့"

"ဘာပြောမှာလဲ"

"ဟမ် အဲ ဘာမှမဟုတ်ဘူး ဟို ဝမ်ရိပေါ်ဆိုတာလေ ဘယ်လိုလူမျိုးလဲ သိချင်လို့"

"သူကလား ချေတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ စိတ်ရင်းကောင်းပါတယ် အရင်တုန်းကဆို ခင်ဖို့ကောင်းတယ် သူ့မိဘတွေသာ အသက်ရှိနေသေးရင် သူ့အဲ့လိုပြောင်းလဲမသွားလောက်ဘူး"

"သူ့မှာရည်းစားတွေဘာတွေရှိလား"

"ရည်းစားမပြောနဲ့ မိန်းကလေးသူငယ်ချင်းတောင် ငါတစ်ယောက်ပဲရှိတာ ဒါတောင် ဝမ်နင် အစ်မဖြစ်နေလို့ သူနဲ့ခင်တာ ဝမ်နင်တစ်ယောက်ပဲရှိတယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now