Ep 20

3.2K 220 2
                                    


Unicode

"ရှောင်းကျန့်!!!!!!"

ကျိုးချန် အော်သံကြောင့် ရှောင်းကျန့်ကိုယ်လေး တုန်သွားသလို ရိပေါ်လည်း ကပ်ထားရာမှခွာလိုက်သည်

"မင်းအမေမို့လို့ အော်နေတာလား ကျိုးချန်"

သူပြောတာကို မဖြေအား ကျိုးချန် နှင့် ရိပေါ်မှာ မျက်လုံးချင်းစစ်ခင်းနေကာ နှစ်ယောက်လုံး မျက်စိညောင်းလာကာမှ အကြည့်လွှဲလိုက်ကြသည်

"မင်းတို့ခုနက ဘာလုပ်နေတာလဲ!"

"ဆေးထည့်နေတာမမြင်ဘူးလား!"

ဒီတစ်ခါတော့ စကားစစ်ထိုးနေကြလေသည်။
ရိပေါ် အခွင့်အရေးကိုလွတ်သွားတာကြောင့် မကျေနပ်ပေ နောက်တစ်ခါ‌ေတာ့ အလွတ်မပေးဘူး

*ငါ့ရဲ့မတော်ရသေးတဲ့ ယောက်ဖကြီး တစ်သက်လုံး အပျိုကြီး အဲ..မှားလို့ လူပျိုကြီး ဖြစ်ပါစေ*

(မရက်စက်ပါနဲ့ဟယ် ငါဝမ်ချင်နဲ့တွဲပေးမလို့)

"ဆေးထည့်ပြီးပြီဆိုတော့ ကျွန်တော်သွားတော့မယ် ကျန့်ကော ကျေးဇူးပါနော်"

"အင်း လက် မကောင်းမချင်း မထိုးနဲ့ဦးနော်"

(ကျွန်မတော့ အထိုးခံရတဲ့လူပိုသနားတယ်😔)

"အင်းပါ ညနေကြ ကျွန်တော်လာကြိုမယ်"

ရှောင်းကျန့်ကို ချိုချိုသာသာပြောကာ ကျိုးချန်ကြတော့ မျက်စောင်းတစ်ချက်ထိုးပြီး ထွက်သွားတဲ့ ရိပေါ်

"ရှောင်းကျန့် မင်းခုနက ငါမတားရင် ဘာဖြစ်တော့မှာလဲ သိလား"

"ဘာဖြစ်မှာလဲ"

"မင်းလင်ရတော့မှာကွ လင်ရတော့မှာ သူပြစ်မှားနေတာကို မင်းမမြင်ဘူးလား"

"သူကဘာကို ပြစ်မှားလို့လဲ သူဘာမှလည်းမလုပ်ပါဘူး"

"မလုပ်တာ ငါတားလိုက်လို့လေ"

"ဘာတွေပြောနေမှန်းမသိဘူး ငါသွားပြီ ခွဲခန်းဝင်ရဦးမှာ"

ကျိုးချန်ပြောတာကို မသိချင်ယောင်ဆောင်ပြီး ထွက်လာတဲ့ ရှောင်းကျန့်တစ်ယောက် အပြင်ရောက်ကာမှ သက်ပြင်းချနိုင်လိုက်သည်

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now