Ep 22

3K 214 0
                                    


Unicode

ရိပေါ် ရှောင်းကျန့်ကိုပို့ပြီးတော့ စခန်းကိုလာနေရင်းနဲ့ ဝမ်နင်ဆီကဖုန်းလာတယ်

"ဟယ်လို"

"ရိပေါ် ကျင်းဇီရွှမ်း အခုပဲ ကျန်းစစ်လီကိုခေါ်သွားပြီ ငါတို့သူ့နောက်ကလိုက်နေတယ်"

"ငါတွေ့ပြီ ဟိုရှေ့မှာ"

ရိပေါ်လာတာနဲ့ ကျင်းဇီရွှမ်းထွက်တာနဲ့ လမ်းမှာတစ်ဖြတ်ဆုံတယ် နောက်က ဝမ်နင်တို့ကားကိုလည်းတွေ့တယ်

"ငါမင်းတို့နောက်ကလိုက်လာမယ် မျက်ခြေမပြတ်စေနဲ့"

"အေး"

ရိပေါ် ကားကို "ဂ" ကွေ့ကွေ့ကာ နောက်ကလိုက်တော့သည်

ကျင်းဇီရွှမ်းကားနဲ့ ရိပေါ်ကားနဲ့ ကြားမှာ ဝမ်နင်တို့ကား ရှေ့ဆင့်နောက်ဆင့်လိုက်လာတာ

ကျင်းဇီရွှမ်းက သိတဲ့အတွက် ကားကိုအရှိန်မြှင့်လိုက်သည် ဝမ်နင်ရော ရိပေါ်ရော လိုက်ပြီးအရှိန်ပိုမြှင့်သည်

မီးပွိုင့်အရောက်မှာ ကျင်းဇီရွှမ်းက ကားကိုကွေ့ချလိုက်ပြီးတော့ အရှိန်ကုန်မောင်းသွားသည်

မီးကနီသွားပေမဲ့ ဖြတ်ကာ ထပ်ကြပ်မကွာလိုက်သွားတဲ့ ဝမ်နင်တို့ကားကြောင့် ရိပေါ်လည်း နောက်က အရှိန်မြင့်ကာ လိုက်တော့သည်

ကျင်းဇီရွှမ်းကို လိုက်နေတုန်း ဝမ်နင်တို့ကားရှေ့မှာ ဆိုင်ကယ်တွေ ဘယ်နှစ်စီးမှန်းမသိဘူး ကားရှေ့ပိတ်ရပ်တာကြောင့် အမြန်ရပ်ပြီး ဖယ်ဖို့ပြောရုံရှိသေး သေနတ်ထုတ်ကာ သူတို့ဆီ ဦးတည်ပစ်တာကြောင့် ကားထဲကလူအကုန် ခေါင်းကိုငုံ့ကာ ကားအပြင်ထွက်ပြီး ကားတံခါးကို အကာအကွယ်ယူပြီး ပြန်ခုခံရသည်

သေနတ်သံကြားလိုက်ကတည်းက ကားအပြင်ထွက်လာတဲ့ ရိပေါ်က ဝမ်နင်တို့ကားနောက်ဖုံးနားမှာ အကာကွယ်ယူပြီးပစ်လိုက်တာ သူတို့ဘက်ကတစ်ယောက်ထိသွားသည်

ကျင်းဇီရွှမ်းတို့ကတော့ ဘယ်ရောက်သွားမှန်းမသိပေ

"တောက်ခ် လွတ်သွားပြီကွာ"

ဝမ်နင် ပြောတဲ့အသံဖြစ်သည်

သေနတ်သံတွေဆူညံနေတဲ့ လမ်းမှာ လူမရှိလို့တော်သေးတယ် နောက်မို့ဆို အပြစ်မရှိတဲ့သူတွေ ထိကုန်မယ် မဟုတ်သေးဘူး ငါတို့လိုက်လာမယ်မှန်းသိလို့ တမင်လူမရှိတဲ့နေရာကိုရွေးပြီး တိုက်တာ

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now