Ep 44 final

6.3K 212 3
                                    


Unicode

မင်္ဂလာပွဲနေ့တွင်.....

"ကျန့်ကျန့်! ကျန့်ကျန့်! ထတော့ နောက်ကျနေပြီလေ"

"အင်.. အင်းး မား..သားဒီနေ့ကျောင်းမတက်တော့ဘူး"

"အော် ဒီကလေး အိပ်ချင်မူးတူးနဲ့ ဘာတွေပြောနေတာလဲ မင်္ဂလာပွဲနောက်ကျနေပြီ မင်းပါးပါးအောက်မှာစောင့်နေတယ် မြန်မြန်ပြင်ဆင်တော့"

"မင်္ဂလာပွဲ... ဘယ်သူ့မင်္ဂလာ....ဟာ!! ဘယ်နှစ်နာရီ...!!! ဘယ်နှစ်နာရီထိုးပြီလဲ!!"

"၆ နာရီ၊ ပြင်ရဆင်ရမှာနဲ့ ၊ကျင်းပမဲ့နေရာကလည်း ဒီနဲ့ဝေးတယ် အခုမသွားရင် မမှီတော့ဘူး မြန်မြန်လုပ်တော့"

ရေချိုးခန်းထဲပြေးဝင်သွားတဲ့ သားတော်မောင်ကို ကြည့်ရင်းခေါင်းခါမိသည်။ ခါတိုင်းစောစောထတတ်တဲ့ ကလေးက အခုတော့ အကျင့်တွေကိုပျက်လို့ ရိပေါ်လေးက အရမ်းအလိုလိုက်တယ်နဲ့တူပါတယ်။

မင်္ဂလာပွဲကျင်းပမယ့်ရက်မတိုင်မီ တစ်ညမှာ ရှောင်းကျန့်က မားတို့အိမ်မှာသွားနေကာ ရိပေါ်ကတော့ သူ့အစ်ကိုအိမ်ဆီပြန်သွားသည်။ ပွဲကြမှတွေ့ချင်တယ်ဆိုတဲ့ ကောအလိုကျ ရိပေါ်ကလိုက်လျောပေးသည်။

ရေမြန်မြန်ချိုးပြီး အောက်ဆင်းလာတော့ ဘုကြည့်ကြည့်နေတဲ့ပါးကို ရယ်သာပြလိုက်ပြီး အမြန်သွားရတော့သည်။ သူတို့ပွဲလုပ်မယ့်နေရာက ကမ်း‌ေြခနားက ဟိုတယ်လေးမှာ ဘာလို့အဲ့မှာလုပ်လဲဆိုတာ ရိပေါ်ကမပြောပေ။ ဟိုရောက်တော့ ဝမ်ချင်ပါရောက်နေကာ သူ့ကိုကူညီပေးသည်။

"အဟင့် အဟင့် ငါတို့တွေအိမ်ထောင်ကျတဲ့အထိ မခွဲကြဘူးလို့ ပြောခဲ့ကြတာတောင် မနေ့တစ်နေ့ကလိုပဲ အဟင့် နောက်တစ်ပတ်ကြငါလည်း မင်္ဂလာဆောင်ရတော့မှာ အဟင့် ဘာလို့မှန်းမသိ ဝမ်းနည်းလိုက်တာ"

ဝမ်ချင်ပြောတဲ့အတိုင်းပေ။ သူတို့တွေ ကျောင်းတုန်းက စာကြိုးစားသလောက် မွှေခဲ့ကြတာတွေ။ ကြီးလာရင် ငါလက်မထပ်ဘူး ဘာညာနဲ့ အမြဲတမ်းမခွဲဘူးလို့ ကတိပေးခဲ့ကြတာတွေ။ အကုန်မနေ့ကလိုပဲ ခံစားရသည်။ ပျော်ရမှာမှန်ပေမဲ့လည်း ဘာလို့မှန်းမသိ ဝမ်းနည်းတဲ့ခံစားချက်ကြီးက..

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now