Ep 30

2.9K 198 0
                                    

Unicode

ရိပေါ် စခန်းကိုမသွားခင် ရှောင်မားခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုစားနေရင်းက မုန့်တွေတစ်သီကြီးမှာနေတဲ့ ကျန့်ကော ကြောင့် လက်ထဲမှာစာရွက်တစ်ရွက်နဲ့လိုက်မှတ်နေရသည်

ရှောင်မားကတော့ ရိပေါ်ကိုအားနာလို့

"ကျန့်ကျန့် ရိပေါ်လေးကိုအားနာစရာ သူ့မှာတစ်ညလုံးလည်းစောင့်ပေးနေရသေးတယ် အခုလည်းအလုပ်ရှိလို့ပြန်သွားရမှာကို အများကြီးမှာမနေနဲ့လေ"

"ဟုတ်လား အာ့ဆိုလည်းမဝယ်နဲ့တော့ ရိပေါ်"

"အကုန်မှတ်ပြီးနေပါပြီဗျာ ရပါတယ် ဝယ်လာခဲ့မယ် အန်တီ ကျွန်တော်သွားလိုက်ဦးမယ်"

"အေး သားလေးဖြေးဖြေးသွား"

"မား သူ့ကိုဒီလောက်သဘောတွေဇွတ်ကောင်းနေတာ ကျန့်ကျန့်ကိုတောင် အဲ့လောက်ဂရုမစိုက်ဘူးနော် ဟွန့်"

"ဒီကလေးကတော့ မားက မားရဲ့သားကိုအချစ်ဆုံးပါတော် သူ့ကိုအားနာလို့ပါ သားစားချင်ရင် မားဝယ်ပေးလို့ရတာပဲ"

"မားပင်ပန်းမှာစိုးလို့ပါ ညတွင်းချင်းကြီး လေယာဥ်စီးလာရတာ အိပ်ရောအိပ်ပြီးပြီလား"

"မားကိုစိတ်မပူနဲ့ သားပြန်ကောင်းပြီဆိုမှ မားစိတ်အေးရမှာ"

အခန်းထဲမှာ ရှောင်မားကိုရစ်နေတဲ့ ကျန့်ကော အပြင်ကနေနားထောင်နေတဲ့ ရိပေါ်က ပြုံးပြီး ထွက်သွားတော့သည်

စခန်းရောက်တော့ ဘာမှမသိတဲ့ အဖွဲ့မှူးက တရားခံကိုဖမ်းမိတာတော့ ဟုတ်ပြီ ကျင်းဇီရွှမ်းကျန်သေးတာကို ဘယ်တွေအလေလိုက်နေလဲ ဆိုပြီး အော်လိုက်တာ အကုန်လုံးကြက်သီးမွှေးညင်းတွေထလို့

"ကျွန်တော်ဆေးရုံမှာပါ အဖွဲ့မှူး"

"ဆေးရုံ ဘယ်နေရာဘာဖြစ်လို့လဲ"

"ကျွန်တော့်အသိတစ်ယောက် နေမကောင်းလို့ပါ"

"အသိ ညက မင်းပွေ့ထားတဲ့ဒေါက်တာလေးလား"

"ဟုတ် ညကစောင့်ပေးနေလို့"

တာဝန်ကိုပစ်ထားပြီ စောင့်ပေးနေတယ်ဆိုတော့ ဘယ်လိုလူမျိုးမို့လို့လဲ တစ်ခါလောက် တွေ့ကြည့်ဦးမှပါ

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now