Ep 23

3K 211 2
                                    


Unicode

ဝမ်နင် သတိမရခင်အချိန်မှာ စစ်ကျွေးက ဘေးမှာစောင့်ပေးနေတယ် အစ်မဝမ်ချင်က သူစောင့်မယ်လို့ပြောပေမဲ့ အခုလေးတင် ခွဲခန်းဝင်ထားရတာ သူနားပါစေဆိုပြီး စစ်ကျွေးက ဘေးမှာတစ်ချိန်လုံးစောင့်ပေးနေတာ သတိရလာတဲ့အထိပဲ

"အင်း...ကျဲ"

"အစ်ကိုဝမ်နင် သတိရလာပြီလား ကျွန်တော် အစ်ကိုကျိုးချန်ကို သွားခေါ်လိုက်မယ်"

ကျိုးချန်က စစ်ကြည့်ပြီးတော့ ဘာမှစိုးရိမ်စရာမရှိတော့ကြောင်း ‌ေြခထောက်ပြန်မကောင်းမခြင်း ဘာမှလွန်လွန်ကျွံကျွံ မလုပ်ဖို့မှာသည်

အဲ့နောက်မှာတော့ ရောက်လာပါပြီ သူရဲ့သူငယ်ချင်းကြီး အမှန်တော့ ဟိုက သေနတ်နဲ့ ရိပေါ်ကိုပစ်တာ သူကနောက်ကရိပေါ်ကိုဆွဲချလိုက်တော့ ဟိုကမထိလို့ဆိုပြီးထပ်ပစ်ခါမှ သူ့ခြေထောက်ကိုမှန်တာ အမြန်ပစ်ပြီး မောင်းပြေးသွားတာမို့ ‌ေြခထောက်ပဲမှန်တာ ပစ်တဲ့သူက လက်တည့်ပုံမရဘူး

ဆေးရုံကားခေါ်ထားပေမဲ့ နောက်သေနတ်ထိတဲ့ တစ်ယောက်ရှိသေးတယ် တော်တော်သွေးထွက်လွန်နေပြီဖြစ်တာကြောင့် ရိပေါ်က သူ့အဝတ်ကိုချွတ်ပြီး ဖိထားပေးတာ အကျင်္ ီကိုရှောင်းကျန့်က မြင်ပြီး ရိပေါ်လို့ထင်သွားမိတာ

"ကဲ ဘိုးတော်အခုမှ ရောက်လာတာပေါ့လေ ငါကတော့ မင်းကိုကယ်ထားရတာ"

"မဟုတ်ပါဘူးကွာ ငါတစ်ခြားအစ်ကိုတစ်ယောက် (သေနတ်ထိတဲ့ရဲ) မိသားစုတွေရောက်မလာသေးလို့ စောင့်ပေးနေရတာ မင်းမှာ စစ်ကျွေးရှိတာပဲ သာယာနေပြီးတော့များ"

"ဗျာ"

စစ်ကျွေးအသံဖြစ်သည်

"ဟေ့ကောင် ဘာတွေလျှောက်ပြောနေတာလဲ စစ်ကျွေးက ငါ့ကိုစောင့်ပေးရုံပဲ ဘာမှမလုပ်ဘူး"

"အေးပါ"

"နေဦး နေဦး မင်းခုနက စကားအများကြီးပြောသွားတယ်"

"အဲ့တော့ဘာဖြစ်လဲ"

"မင်း တစ်ခုခုပျော်စရာရှိလို့လား မင်း တရားခံလွတ်သွားတာတောင်မှ ပျော်နိုင်သေးတယ်နော်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now