Ep 35

2.9K 203 2
                                    


Unicode

ရိပေါ် ပြောတဲ့အလုပ်ဆိုတာကတော့ ဆေးရုံကကြော်ငြာတစ်ခုမှာ မော်ဒယ်အဖြစ် ဆရာဝန်တစ်ယောက်ကိုထည့်ရိုက်မှာကို ဆေးရုံအုပ်က ရှောင်းကျန့်ကိုရွေးလိုက်တာပင် ပြီးတော့ ဆေးဘက်ဆိုင်ရာအမေးအဖြေအစီအစဥ်တစ်ခုမှာလည်း TU ဆေးရုံကဆရာဝန်တစ်ယောက်အဖြစ် ရှောင်းကျန့်ကပါဝင်ရိုက်ကူးရတယ်

အခုဆို သူ့ကိုမသိတဲ့လူမရှိသလောက်ပဲ လာသမှျလူနာတွေအကုန်လုံး သူ့ကိုပဲရှာနေကြလို့ တခြားဆရာဝန်တွေရဲ့ မျက်စောင်းအထိုးခံနေရတဲ့အဖြစ် ငါနော် လုပ်ဆိုပြီးအတင်းထိုးပေးတာလည်းသူတို့ပဲ အခုကြတော့ ဘာအချိုးလဲပြော

ဝမ်ရိပေါ်ရဲ့ အသည်းကြီးကွဲမှာမဟုတ်ကြောင်း ကျွန်တော်မျိုးက သူ့အပိုင်ဖြစ်ကြောင်း ပြောပြရပါတော့မယ်

.............

"ဒေါက်တာရှောင်းက နှလုံးအထူးကုပါဗျာ အခုလူနာအစ်မဖြစ်နေတာက ဝမ်းလျှောတာပါ ကျွန်တော့်လို အထွေထွေကုနဲ့ပြရမှာပါ"

"ဒေါက်တာရှောင်းကျန့်ကိုပဲ တွေ့ချင်တာပါဆို သူ့မျက်နှာလေးပဲပေးမြင်ပါနော် အာ့ဆိုရင် ရောဂါတွေအကုန်ပျောက်သွားမှာ လုပ်ပါ ဒေါက်တာလေးရဲ့"

"သူဒီနေ့ခွင့်ယူထားလို့ပါဗျာ မနေ့ကလည်းဝမ်းချုပ်လို့ဆိုပြီး ရောက်လာသေးတယ်လေ အစ်မရဲ့ ဒီနေ့တော့ဒီတိုင်းပြန်လိုက်ပါနော် တကယ်နေမကောင်းတဲ့လူတွေစောင့်နေတယ်ဗျ"

"အော် စကားများလိုက်တာ အာ့ဆိုသူ့အိမ်လိပ်စာပေး"

"ကျွန်တော်မသိပါဘူးဗျာ သိရင်လည်းပြောလို့မရပါဘူး"

"ဒီမှာ ဒေါက်တာဆိုရင် လူနာသက်သာအောင်ကုပေးရမယ်လေ သူ့ကိုတွေ့ရင်ပျောက်ပါပြီဆိုတာကို"

"ကျွန်တော်တကယ်မသိတာပါ"

"သူမလာမချင်း ဒီနေရာကတစ်လှမ်းမှမရွေ့နိုင်ဘူး"

*အိုက်ယား!! အစ်..ကို..ရှောင်း..ကျန့်..ရေ!!!!*

စစ်ကျွေး၏ စိတ်ထဲမှအကူအညီတောင်းသံအား date လုပ်မယ်ဆိုပြီး အစောကြီးအနှိုးခံလိုက်ရသဖြင့် ဆူပုတ်ကာ ကားပေါ်တွင်အိပ်လိုက်လာသော ရှောင်းကျန့်ကြားသလိုလို လန့်နိုးသွားလေသည်

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now