Ep 27

2.9K 215 1
                                    


Unicode

တီ............

ရှောင်းကျန့် ခေါင်းအရမ်းကိုက်လာပြီး ဘာမှမကြားတော့ပေ အမြင်လည်းနည်းနည်းဝါးနေသည် လဲကျတော့မတတ်ပဲ

လက်ထဲကဖုန်းလွတ်ကျသွားပြီး အိမ်ထဲအမြန်ပြန်ဝင်ဖို့လုပ်ပေမဲ့ အရုပ်ကြိုးပျက်လဲကျသွားခဲ့သည်

အမှောင်ထုကလွဲပြီးဘာမှမမြင်တော့

"ကော! ကော! ဘာဖြစ်သွားတာလဲ! ကျန့်ကော! ကျွန်တော့ကိုပြန်ဖြေဦး ရှောင်းကျန့်!"

ရိပေါ် ဘယ်လိုခေါ်ခေါ်ပြန်‌ေြဖသံမကြားရ ခဏနေတော့ ဖုန်းကကျသွားသည်

အမြန်အရှိန်တင်ကာ အစ်ကို့အိမ်ကိုသွားတော့သည်
ဟိုရောက်တော့ အစ်ကို့ကားရပ်ထားတာတွေ့တယ် အိမ်ထဲရောက်တော့ ဘယ်သူမှ ရှိမနေ ခြံထဲမှာရော အိမ်အနောက်မှာပါ အခန်းတွေအားလုံးလည်း လိုက်စစ်ပြီးပြီ လူအရိပ်အယောင်တောင် မတွေ့ရ

ရိပေါ် ပူထူသွားသည် သူတန်ဖိုးထားရတဲ့လူနှစ်ယောက်က ပျောက်ချင်းမလှပျောက်သွားသည်

လက်တွေလည်းတုန်နေသည် သူထပ်ပြီးဆုံးရှုံးမခံနိုင်တော့ဘူး

ဝမ်နင်ကိုပဲ ကပျာကယာဖုန်းလှမ်းဆက်မလို့ လုပ်ပြီးကာမှ ဟုတ်သား သူကဆေးရုံမှာပဲ

စခန်းကိုအမြန်ပြန်လာပြီး အဖွဲ့မှူးကို ပြောကာ CCTV ကနေ သူ့အစ်ကိုအိမ်ဘက်ကို သွားသမှျ အိမ်ဘက်ကနေထွက်လာသမျှ ကားတွေဆိုင်ကယ်တွေ အကုန်ရှာကြည့်တော့

"နေဦး ဒီမှာ.."

ဆိုင်ကယ်တစ်စီးပေါ်က လူနှစ်ယောက်မှာ အနောက်ကတစ်ယောက်က ရှေ့ကိုအရမ်းမှီထားသလိုဖြစ်နေတယ် နောက်တစ်စီးလည်း အဲ့လိုပဲ သဘောက အဲ့လူသတိမရှိဘူးပေါ့

ထုံးစံအတိုင်း ဆိုင်ကယ်နံပါတ်မပါပေ ဒါပေမဲ့ ရိပေါ်မှတ်မိသည် ဒါသူတို့ ကျင်းဇီရွှမ်းနောက်ကို လိုက်တုန်းက ပိတ်ရပ်ခဲ့တဲ့ ဆိုင်ကယ်တွေထဲက တစ်စီးပဲ

နဂိုကတည်းက ဆိုင်ကယ်အကြောင်း နားလည်သူမို့ သူမမှားနိုင်ဘူး

ဖုန်းထုတ်ကာ ကျန်းယန်လီကိုဖုန်းခေါ်ကြည့်တော့ ခေါ်မရပေ

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now