Ep 19

3K 211 5
                                    


Unicode

ရှောင်းကျန့် ရိပေါ်နဲ့တိုက်မိပြီး ခုနကသူ့ပံုကို မြင်ယောင်ကာ ရှက်လွန်းလို့ ခေါင်းကိုငုံ့ထားရသည်

တကယ်ပါပဲ အဲ့တုန်းက ငါဘာလို့အိပ်ပျော်သွားရတာလဲ ယောကျာ်းလေးဖြစ်ပြီး ကိုယ့်ထက်ငယ်တဲ့ကလေးရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကိုအိပ်ပျော်နေရလား ရှောင်းကျန့်ရ

ခေါင်းကိုငုံ့ထားပေမဲ့ ပါးလေးတွေရဲနေမှန်း
ရိပေါ် မြင်နေရတယ် ဘာကိုဒီလောက်ရှက်နေတာလဲ

"ကျန့်ကော ကျွန်တော့်ကိုကြည့်ဦး"

"ဟို....ဟိုနေ့ညက ငါ ဘာလုပ်မိသေးလဲ"

"ဘယ်နေ့ညလဲ"

"ငါ့ကို လာသတ်တဲ့နေ့ကလေ ငါအိပ်ပျော်သွားတာပြီးတော့ ငါတစ်ခုခုလုပ်မိသေးလားလို့"

"ဘာမှမလုပ်ပါဘူး ကျန့်ကောအိပ်ပျော်သွားတာနဲ့ ကျွန်တော်လည်းအိပ်ရာပေါ်တင်ပေးပြီး အိမ်ကိုရှင်းပေးခဲ့တာ"

"မင်းငါ့ကို အိပ်ရာပေါ်ကိုဘယ်လိုတင်ခဲ့တာလဲ"

"ပွေ့ချီပြီးတော့လေ"

မမေးမိတာမှ ကောင်းဦးမယ် ငါ့သိက္ခာတွေသွားပါပြီ။

"ကျန့်ကော ဘာဖြစ်နေတာလဲ ကျွန်တော်ဘာများလုပ်မိလို့လဲ"

"ဘာမှမဟုတ်ဘူး ဒီအတိုင်းမေးကြည့်တာ သိချင်လို့"

တစ်ခုခုမှန်း ရိပေါ်သိနေပေမဲ့ မပြောချင်တဲ့ပုံစံကြောင့် ဆက်မမေးတော့ပေ

ငါ့လို ယောကျာ်းရင့်မာကြီးတစ်ယောက်က အချီခံရတယ်တဲ့လား ဘောပဲ

"ဒီအကြောင်းကို ဘယ်သူသိသေးလဲ"

"မသိဘူး ကျွန်တော်နဲ့ကောပဲ"

"ကောင်းတယ် ဒီအကြောင်းကို ဘယ်သူမှမပြောနဲ့ ကြားလား"

"အင်း"

"မင်းအစ်ကိုကို တွေ့မလို့မလား သွားတွေ့လေ ငါသွားပြီ"

"အင်း"

ရိပေါ် သူ့အစ်ကိုအခန်းထဲရောက်တော့

"ရိပေါ် မင်းလမ်းမှာ ဒေါက်တာနဲ့ တွေ့သေးလား"

အသက်နှင့်လဲ၍ (Completed)Tahanan ng mga kuwento. Tumuklas ngayon