Ep 29

2.8K 204 1
                                    


Unicode

ဝမ်နင်ခမျာ စစ်ကျွေးလည်းမရှိ ဝမ်ချင်လည်းမရှိဆိုတော့ တစ်ယောက်တည်း ချိုင်းထောက်နဲ့ ရှောင်းကျန့်ရဲ့လူနာခန်းကိုလာရသည်

အဖွဲ့မှူးနျဲ့က ရိပေါ်ဖုန်းမကိုင်လို့ သူ့ကိုဖုန်းလှမ်းဆက်ပြီး မေးတယ် ဘယ်မှာလဲဆိုတာ 
နှစ်ခါမေးစရာမလိုဘူး သူ့လင်အခန်းမှာပဲနေမှာ

အခန်းတံခါးကိုဖွင့်ပြီး ဝင်ခါနီးတွန့်သွားရတယ်
ငါဘာလို့လာမိပါလိမ့်

တစ်ယောက်ကလည်း ရင်ခွင်ထဲမှာ နောက်တစ်ယောက်ကလည်း သူ့လင်ကိုဘယ်သူခိုးသွားမှာစိုးလို့လဲ အတင်းကိုဖက်ထားတာ အစ်ကိုရှောင်းကျန့် နှုတ်ခမ်းကလည်းပေါက်နေတယ် ငါဒီအတွဲကို စောက်ရမ်းမှန်း......

"ဘယ်သူလဲမသိဘူး"

ရှောင်မားက သူ့သားလူနာခန်းရှေ့မှာ ကောင်လေးတစ်ယောက်ချိုင်းထောက်နဲ့ အထဲလည်းမဝင်ဘဲ ရပ်ကြည့်နေတာကြောင့် မေးလိုက်တော့

"အော် ဒါကျွန်တော့်အသိရဲ့အခန်းပါ"

"ကျန့်ကျန့် သူငယ်ချင်းလား"

"အစ်ကိုရှောင်းကျန့်ကိုသိတယ်လား"

"အန်တီ့သားပဲကို သိတာပေါ့"

"ဗျာ အစ်ကိုရှောင်းရဲ့မိဘတွေက စင်ကာပူမှာလေ ဘယ်တုန်းက ဒီကိုရောက်လာတာလဲ"

"ကျန့်ကျန့်ရဲ့ ဝမ်းကွဲအစ်ကိုကျိုးချန်က ဖုန်းလှမ်းဆက်လို့ အန်တီတို့မှာ စိတ်ပူပြီး လိုက်လာတာ မနေ့ညကမှရောက်တာပါကွယ် အခုမနက်စာအတွက် ဆန်ပြုတ်ပြုတ်ပြီး ပြန်လာတာ"

"အော်"

"သား ထိခိုက်ထားတာလား"

"ဗျာ ဟုတ်ကဲ့ သေနတ်ထိတာပါ ကျွန်တော်ကရဲဆိုတော့ ဝမ်နင်ပါခဗျ နာမည်က"

"ရဲဆိုရင် ရိပေါ်လေးနဲ့ သိတာပေါ့"

ရိပေါ်လေးတဲ့လား ဝမ်ရိပေါ်တို့များ ယောက္ခမနဲ့တောင် ရင်းနှီးနေပြီပေါ့ စွံချက်က ငါသိထားတဲ့ ရေခဲတုံးမှ ဟုတ်ရဲ့လား

"ဟုတ်ကဲ့ဗျ သူ့သူငယ်ချင်းပါ"

"အော် သားခြေထောက်က ဒဏ်ရာကြီးနဲ့ အထဲမှာဝင်ပြောမယ်လေ လာ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now