Ep 28

3K 213 3
                                    


Unicode

ရိပေါ် ရှောင်းကျန့်ကို ပွေ့ပြီးထွက်အလာ သူ့နောက်က လိုက်လာတဲ့ အကူအညီတွေရောက်လာတယ် အဖွဲ့မှူး နျဲ့လည်းပါတယ်

အထဲက မြင်ကွင်းကို မြင်ပြီး အထဲဝင်ဖို့တောင် တွန့်မိသည် ကျန်းစစ္လီက အသက်ရှိသေးတာပဲ ကျန်တဲ့လူတွေ သေနေပြီ ဒီဖြစ်ရပ်က အရမ်းစက်ဆုပ်ဖွယ်ကောင်းလွန်းသည်

ဒီလောက်လူတွေအများကြီးကို သတ်ခဲ့တဲ့ကျန်းစစ်လီကို တစ်သက်တစ်ကျွန်းချဖို့ အကုန်လုံးက မျှော်လင့်သည်

ရိပေါ်ကတော့ ဒါကိုအာရုံမစိုက်နိုင် ဂို‌ေထာင်အပြင်ရောက်တော့ သတိလစ်သွားတဲ့ ရှောင်းကျန့်ကြောင့် ဆေးရုံကိုအမြန်သွားရသည်

ဟိုရောက်တော့ ရှောင်းကျန့်က လူနာခန်းထဲမှာ ကျိုးချန်ကြည့်ပေးနေတယ် ဝမ်ချင်ကတော့ ငိုနေသည်

သတင်းကြားပြီး ရောက်လာတဲ့ ဝမ်နင်ကိုဘေးက စစ်ကျွေးကတွဲထားသည်

"ကျဲ မငိုနဲ့တော့လေဗျာ အစ်ကိုကျိုးချန်ရှိပါတယ် ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

"အင်း ဘာမှမဖြစ်လောက်ပါဘူး ရှောင်းကျန့် အဆင်ပြေမှာပါ"

နောက်တော့ ကျိုးချန်ထွက်လာသည်

"ကျိုးချန် ဘယ်လိုလဲ"

"သူ့ခြေထောက်က အရမ်းမဆိုးပါဘူး ဒါပေမဲ့ ဘာလို့ သတိလစ်သွားမှန်းငါလည်းမသိသေးဘူး တခြားဘာထိခိုက်ထားသေးလဲ"

ဘာတွေဖြစ်သွားမှန်း သိတဲ့တစ်ယောက်ထဲသောသူဖြစ်တဲ့ ရိပေါ်ကို ကျိုးချန်ကမေးသည်

"ရိပေါ် ဘယ်လိုဖြစ်တာလဲ"

ဘာမှမသိသေးတဲ့ ဝမ်နင်ကလည်းမေးတော့ ရိပေါ်လည်း သူ့အစ်ကိုပျောက်နေတာကအစ အကုန်ပြောပြလိုက်သည်

ပြီးတော့ ကျိုးချန်ကို ရှောင်းကျန့်ရဲ့ခေါင်းအခြေအနေကို စစ်ဆေးပေးဖို့ပြောရသည်

ပြီးတာနဲ့ ဆက်နေချင်ပေမဲ့ အစ်ကို့ကိစ္စရှိသေးတာကြောင့် ထွက်လာခဲ့သည်

"ကျန့်ကော ကောသတိမရခင် ကျွန်တော်အမှီပြန်လာခဲ့မယ်နော်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now