Ep 41

2.3K 150 1
                                    


Unicode

"ဝမ်ရိပေါ်!! မင်းဒီမှာဘယ်လိုတောင်နေနေတာလဲ ပရိဘောဂတွေလည်း အုပ်ထားတဲ့အဝတ်တွေ‌ေတာင်မလှန်ရသေးဘူး မီးဖိုချောင်ကလည်း ဘာမှမရှိပါလား"

"ကျွန်တော် တမင်မရှင်းဘဲထားတာ..."

မီးဖိုကိုကြည့်နေတဲ့ ရှောင်းကျန့်ခါးကိုအသာဖက်ကာ နားနားကပ်ပြီး...

"ကောစိတ်ကြိုက် ပြင်လို့ရအောင်လို့ တမင်မရှင်းတာ ဒီအိမ်က ကျွန်တော်တို့ရဲ့ ဘဝသစ်စမယ့်နေရာလေးလေ မင်္ဂလာဦးညကိုလည်း ဒီမှာပဲကုန်ဆုံးမှာ"

ရိပေါ်စကားကြားပြီး ရှောင်းကျန့်မျက်နှာလေးရဲတက်သွားကာ ဖက်ထားတာကိုရုန်းပေမဲ့ ရုန်းလို့မရ နဂိုနောက်ကျောပေးထားတာကနေ ရိပေါ်ကခါးကိုဆွဲလှည့်လိုက်တာကြောင့် ရိပေါ်ရဲ့ ရင်ခွင်ကျယ်ထဲ မျက်နှာအပ်မိလျက်သားဖြစ်သွားသည်။

သူ့ကိုမေးစေ့ကနေ ကိုင်ကာ အသာမော့စေပြီး ရီဝေဝေကြည့်ကာ နှုတ်ခမ်းကို အငမ်းမရနမ်းရှိုက်လေသည်။ ရိပေါ်လည်ပင်းကိုသိုင်းဖက်လိုက်ကာ သူ့ရင်ခွင်ထဲမှာနေရင်းနှင့်ပင် အနမ်းတို့ကို ပြန်လည်တုံ့ပြန်ခဲ့၏။

"ဒါနဲ့ မားတို့နေနေတဲ့အိမ်ကိုရော မားတို့ပြန်သွားရင် ဘယ်လိုလုပ်မှာလဲ"

"ဒီတိုင်းထားလိုက်လေ သန့်ရှင်းရေးလုပ်ဖို့ လူခေါ်ထားလိုက်မယ် ကျွန်တော်ကအခု အာဏာရှိနေပြီပဲဟာကို"

"ဟုတ်သား မင်းအလုပ်ရှိတယ်မဟုတ်ဘူးလား မင်းက စီအီးအိုလေ"

"အတွင်းရေးမှူး ရှိတယ်လေ"

"မင်းက ခုမှစီအီးအိုဖြစ်တာကို ဒီလိုပစ်ထားရင် ပြောကြမှာပေါ့"

"အဲ့တာကို စိတ်မပူနဲ့ မနေ့ကတည်းက အကုန် မီးငြိမ်းသွားကြပြီ ကုမ္ပဏီကိစ္စတွေ ကောဂရုမစိုက်ပါနဲ့"

"ဂရုမစိုက်လို့ရမလား မင်းရဲ့ထင်ရာစိုင်းပုံနဲ့ ငါ့မှာစိတ်မချဘူး"

"ဟုတ်ကဲ့ပါ မိန်းမရယ် ကိုယ့်ယောကျာ်းကိုယ် ယုံလိုက်"

"ဘောကို..မိန်းမ!!"

"ကျွန်တော့်မိန်းမက ယဥ်ကျေးလိုက်တာဗျာ"

"ငါကန်လိုက်ရ"

အသက်နှင့်လဲ၍ (Completed)Tahanan ng mga kuwento. Tumuklas ngayon