Unicode
ထုံးစံအတိုင်း ရှောင်းကျန့်ကအားလုံးရဲ့ အချစ်ခံလေးဆိုတော့ စားချင်တာတွေ လုပ်ချင်တာတွေအကုန်ပြောသမျှရနေလေသည်
ခိုင်းသမျှလုပ်နေရတဲ့ ရိပေါ်က အရင်ကသိခဲ့တဲ့ ရေခဲတုံးမဟုတ်တဲ့အတိုင်း အပြုံးတစ်ချက်မပျက်ဘူး အကုန်လုပ်ပေးနေတယ်
ဒါပေမဲ့ ဒီနေ့တော့ထူးထူးဆန်းဆန်း မှိုင်မှိုင်တွေတွေနဲ့ ဝမ်နင်ဆီရောက်လာတယ်
ဝမ်နင်အခန်းကိုသွားတာ ကောင်တာမှာဆိုလို့ လာခဲ့တာ
"ဝမ်နင် မင်းလည်းကိုယ့်အခန်းကိုယ်မနေဘူး"
"မင်းကလဲ ဘလိုင်းကြီးငါ့လာပြောနေတယ်"
"ဒီနေ့စစ်ကျွေးက final test ဖြေရလို့ မရှိဘူးလေ အဲ့တော့ ငါတို့နှစ်ယောက်ကိုလာရှုပ်နေတာ"
"ဟုတ်တယ် သူ့လင်မရှိတော့ အချိုးကတစ်မျိုး"
"ဒါတော့ ဝမ်ရိပေါ်လည်းတူတူပဲကိုများ..."
ဝမ်ချင်နဲ့မျန်မျန်နဲ့ ပြောနေကြသည် ရိပေါ်ကတော့မှိုင်နေတုန်း
"ဟေ့ကောင် ဘာဖြစ်နေတာလဲ အစ်ကိုရှောင်းကျန့်ဆူလိုက်လို့လား"
"မဟုတ်ဘူး ငါစဥ်းစားနေတာ"
"ဘာကိုလဲ"
"ရှောင်ပါးသဘောတူအောင် ဘယ်လိုလုပ်ရမလဲလို့"
"အော် ငါအကြံပေးရမလား"
"ပြော ဘာလဲမင်းအကြံ"
"အစ်ကိုရှောင်းကျန့် နေကောင်းသွားတာနဲ့ တစ်ညမှာ မင်းသူ့ကိုအပိုင်သိမ်းပစ်လိုက် ပြီးရင်မင်းတာဝန်ယူပါ့မယ်ဆိုပြီး ရှောင်ပါးဆီကနေ တောင်းလိုက်ရင် စားလည်းစားရတယ် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ..."
ခွပ်!
"အား! ကျဲ!"
"ဒါမျိုးဆို နင်ရှေ့ဆုံးက ဟမ် ရိပေါ်က အဲ့လိုလုပ်မယ့်သူလို့ထင်နေလား"
ဝမ်နင်ခေါင်းကိုခေါက်လိုက်တဲ့ ဝမ်ချင်
"အင်း အဲ့လိုလုပ်ရင် ကျန့်ကောကစိတ်ဆိုးသွားမှာပေါ့"
"မင်းလည်းလင်ကြောက်ရတာနဲ့ပဲ"
"သူများကနင့်လို လူယုတ်မာမဟုတ်ဘူး ငါ့မောင်ရဲ့"
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.