Ep 24

2.9K 206 0
                                    


Unicode

မြန်မြန်ပြန်လာရတဲ့ အကြောင်းအရင်းကတော့
လမ်းသွားလမ်းလာတွေရဲ့အကြည့်က သူ့ရဲ့ ချောမောလှတဲ့ဒေါက်တာလေးဆီမှာ ဒီကြားထဲ ကောင်မလေးတစ်ယောက်က ဓာတ်ပုံရိုက်နေလို့ ထောင်ထဲထည့်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ရသေးတယ် အဲ့တော့မှ ဖျက်ပေးတယ်

သူ့ကျောပေါ်က ကျန့်ကောကို ညီလေးလားတဲ့ ငါထက်တောင်ကြီးတဲ့ သူကို အေးပေါ့လေ အရွယ်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းလွန်းနေတာကို သူ့ရည်းစားလို့ပြောပြီး ထွက်လာခဲ့တယ်
ကျန်ခဲ့တဲ့သူကတော့ မျက်လုံးပြူးလို့

ကားထဲရောက်မှ ရိပေါ်သက်ပြင်းချရတယ်

*ဟူး သူများတွေ ကြည့်တာ မကြိုက်ဘူး ခင်ဗျားလေးကို ဘယ်နားသွားဖွက်ထားရမလဲဗျာ*

ရိပေါ် သူ့ရဲ့မိဘအိမ်ကိုမခေါ်တော့ပဲ သူ့တိုက်ခန်းကိုသာ ခေါ်သွားလိုက်သည် ဟိုအိမ်မှာ သူ့အစ်ကိုပြန်ရောက်နေပြီလေ သူလိုက်ပို့ပါမယ်ဆိုတာကို တစ်ယောက်ထဲပြန်သွားတာ

အိမ်ရောက်တော့ ကျန့်ကောကိုမနှိုးခင် သူ့အခန်းကို လူနေတာနဲ့တူအောင် ရှင်းလိုက်ရသေးတယ် အရင်က အခန်းရှင်းရမှာကို သေလောက်အောင် ပျင်းတဲ့သူက အခုတော့ သေသေချာချာကိုလုပ်နေတာ ဟိုတစ်ခါ ရှောင်းကျန့်အိမ်မှာတုန်းကရောပဲ

ကျန့်ကောကို နှိုးပြီး ခြေလက်ဆေးခိုင်းကာ ဝယ်လာတဲ့စားစရာတွေကို ပလုတ်ပလောင်းနဲ့ စားနေတဲ့ ဒေါက်တာလေးကို ငေးရတယ်

အခု သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ
ကော ဘယ်တော့အဖြေပေးမှာလဲ အတွေးလည်းများခဲ့သည်

မနက်ရောက်တော့ ရိပေါ်နိုးလာတယ် ဘေးကိုကြည့်တော့ သူများအိမ်မှန်းတောင်မေ့နေလား မသိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ရှောင်းကျန့် သူနဲ့ခုတင်ပေါ်မှာ အတူအိပ်တာ အရင်ကထက်စာရင် သူ့အပေါ်ပိုပြီး ချိုသာလာတယ် ရင်းရင်းနှီးနှီးနေတယ်
အဖြေတော့မပေးသေးဘူး

ရိပေါ် စခန်းက သူ့နေရာမှာ စိတ်ပျက်လက်ပျက်ထိုင်နေတာကို ရှီးချန်က မြင်တော့ သူ့အနားလာပြီး

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now